Credit to Popular Journal –
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ အင်းစိန်-ညောင်တုန်းလမ်း၊ ဘီအိုစီမှတ်တိုင်အနီးတွင် ယနေ့ အောက်တိုဘာ(၂၉)ရက် နံနက်ပိုင်းက ယာဉ်တို-က်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
JAC HFC အမျိုးအစား ယာဉ်အား TOYOTA TOYOACE ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ဝင်တို-က်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယာဉ်တို-က်မှုကြောင့် TOYOTA TOYOACE ယာဉ်ပေါ်ပါ ကျား(၁)ဦး အသက်ဆုံးရှူံးခဲ့ကြောင်း သိရသည်။
ထို့ပြင် အမျိုးသား(၃)ဦး စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၂)ဦး မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်) မီးသတ်စခန်းမှ၊ ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးခဲ့သလို ရွှေ့ဝင့်ဝါလူမှုကူညီရေးအသင်း၊ ခွန်အားသစ်လူမှုကူညီရေးအသင်းနှင့် သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်း သူနာတင်ယာဉ်တို့ဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
The post လှိုင်သာယာ ဘီအိုစီမှတ်တိုင်အနီးတွင် ယာဉ်တို-က်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး အသက်ဆုံးရှုံးကာ (၉) ဦး ဒဏ်ရာရ appeared first on Popular.