ylliX - Online Advertising Network

The 5th International Conference on Deepening ASEAN Cooperation of Agricultural Science and Technology သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်က ပါဝင်တက်ရောက်(၂၂-၁၀-၂၀၂၄ ရက်)


(၂၂-၁၀-၂၀၂၄ ရက်၊နန်နင်း)

နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် ၂၂-၁၀-၂၀၂၄ ရက်တွင် နန်နင်းမြို့ Guangxi Wharton International Hotel ၌ ကျင်းပခဲ့သည့် The 5th International Conference on Deepening ASEAN Cooperation of Agricultural Science and Technology သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါကွန်ဖရင့်ကို Guangxi Academy of Agricultural Sciences(GXAAS)က ကြီးမှူး၍ တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စိုက်ပျိုးရေးသုတေသနလုပ်ငန်းများ၊ ခေတ်မီ စိုက်ပျိုးရေး နည်းစနစ်များ၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းတွင် ဒစ်ဂျစ်တယ်နည်းပညာများ အသုံးပြုရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါသည်။ ကွန်ဖရင့်သို့ မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး သုတေသန ဌာနနှင့် မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးသိပ္ပံကျောင်းတို့မှ ကိုယ်စားလှယ် (၉) ဦး ပါဝင် တက်ရောက်ခဲ့ကြကာ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ဌာနများ၊ အဖွဲ့အစည်း များ၊ တက္ကသိုလ်များမှ ကျွမ်းကျင်ပညာရှင်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

***************************



Source link

Leave a Reply

Your email address will not be published. Required fields are marked *