ylliX - Online Advertising Network

Fact Check: မလေးရှားအပါအဝင် ၂၅ နိုင်ငံက မြန်မာစစ်ခေါင်းဆောင်ကို ၄ ဦးကို ဖမ်းဝရမ်းထုတ်ဆိုတဲ့ သတင်းတု


မလေးရှားအပါအဝင် ၂၅ နိုင်ငံက မြန်မာစစ်ခေါင်းဆောင် ၄ ဦးကို ဖမ်းဝရမ်းထုတ်တယ်လို့ ရေးသား ပြီး ဗွီဒီယိုတခု Khit Thit Channel အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဖော်ပြထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုသာဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်က ရယူထားခြင်းဖြစ်ပါတယ်။ 

“မလေးရှားဝန်ကြီးချုပ်အပါအဝင် (၂၅)နိုင်ငံမှ 

စစ်ခေါင်း‌ဆောင် (၄)ဦးကို ၂၄ နာရီအတွင်း ဖမ်းဝရမ်း ထုတ်ပြီ

စစ်ခေါင်းဆောင်တွေ လမ်းဆုံးပြီဟေ့”

C:\Users\User\Downloads\Firefox_Screenshot_2024-10-16T10-27-31.046Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းအကြောင်း အရာတွေကို သတင်းခေါင်းစဉ်တုတပ် သို့မဟုတ် သတင်းခေါင်းစဉ်လွဲတပ်ကာ ဖြန့်ချိလေ့ရှိတယ်။ 

လတ်တလောဖြန့်ဝေထားတဲ့ မလေးရှားဝန်ကြီးချုပ်အပါအဝင် ၂၅ နိုင်ငံက မြန်မာစစ်ခေါင်းဆောင်ကို ၄ ဦးကို ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာတွေကို ကြည့်မယ်ဆိုရင် “မြန်မာ့အရေးမှာ စေ့စပ်ဆွေးနွေးမှုလမ်းကြောင်းနဲ့ အဖြေရှာနိုင်ရေး မလေးရှား မျှော်လင့်”ဆိုတဲ့ သတင်းပဲဖြစ် တယ်။

C:\Users\User\Downloads\Untitled.jpg

၆ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာနောက်ထပ်ဖော်ပြထားတဲ့ သတင်းအကြောင်းအရာတွေကတော့ “မလှိုင်မြို့တွင် လက်ဖက်ရည်ဆိုင်မ​ပိတ်၍ဆိုကာ စစ်တပ်က ဆိုင်အတွင်း ဝင်ရောက်ရိုက်နှက်ပြီး ဆိုင်ကယ်များ သိမ်းယူသွား”၊ “သီပေါမြို့ရှိ စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ခလရ ၂၃ တပ်စခန်းကို TNLA က အပြီးသတ် သိမ်းပိုက်လိုက်ပြီး အလုံးစုံထိန်းချုပ်နိုင်ခဲ့ဟု တရားဝင် ထုတ်ပြန်”စတဲ့ သတင်းတွေပဲဖြစ်တယ်။

သုံးသပ်ချက်

မလေးရှားအပါအဝင် ၂၅ နိုင်ငံက မြန်မာစစ်ခေါင်းဆောင်ကို ၄ ဦးကို ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ “Khit Thit Channel”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းအကြောင်း အရာတွေကို သတင်းခေါင်းစဉ်တုတပ် သို့မဟုတ် သတင်းခေါင်းစဉ်လွဲတပ်ကာ ဖြန့်ချိလေ့ရှိပြီး ယခုလည်း သတင်းခေါင်းစဉ်တုတပ်ပြီး သတင်းတချို့ကို ပြန်လည်ဖော်ပြထားတယ်။

Avatar

Title:Fact Check: မလေးရှားအပါအဝင် ၂၅ နိုင်ငံက မြန်မာစစ်ခေါင်းဆောင်ကို ၄ ဦးကို ဖမ်းဝရမ်းထုတ်ဆိုတဲ့ သတင်းတု

Written By: နေရာမောင်
 

Result: False



Source link

Leave a Reply

Your email address will not be published. Required fields are marked *