ylliX - Online Advertising Network

Fact Check: မြောက်ကိုရီးယားက ပြည်သူတွေအတွက် ဒေါ်လာ ၂၃ သန်းပေးလိုက်ပြီး စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်တဲ့သတင်းတု


မြောက်ကိုရီးယားက မြန်မာပြည်သူတွေကို ဒေါ်လာ ၂၃ သန်းပေးအပ်လိုက်ပြီး မြန်မာစစ်ခေါင်းဆောင်ကိုလည်း ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“ပြည်သူတွေတွက် ဝမ်းသာစရာ သတင်းကောင်း

မြောက်ကိုရီးယားက

ပြည်သူကို ဒေါ်လာ(၂၃)သန်းပေး

ကင်ဂျုံအမ် မအလကို ဖမ်းဝရမ်းထုတ်လိုက်ပြီ”

C:\Users\User\Downloads\Untitled design (1).jpg

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းအကြောင်း အရာတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ဝေလေ့ရှိတာတွေ့ရပါတယ်။

အခု ဖြန့်ဝေထားတဲ့ မြောက်ကိုရီးယားက မြန်မာပြည်သူတွေကို ဒေါ်လာ ၂၃ သန်းပေးအပ်လိုက်ပြီး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းက ဖမ်းဝရမ်းထုတ်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုထဲမှာလည်း “မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီ ကန်ဒေါ်လာ ၂၃ သန်း ပေးအပ်မည်ဟု တောင်ကိုရီးယားသမ္မတကြေညာ”ဆိုတဲ့ လူထုနွေဦးသတင်းဌာနက သတင်းကို ပြန်လည်ဖော်ပြထားတယ်။

C:\Users\User\Downloads\Untitled design (2).jpg

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ ဖော်ပြထားတဲ့ တခြားသတင်းတွေကတော့ “စက်သုံးဆီဆိုင်များတွင် စမတ်ကတ်နှင့်ပတ်သက်သော စက်နှင့် နည်းပညာ Software များ မဝယ်မနေရ ရောင်းချ၊ စမတ်ကတ်ဖြင့် စက်သုံးဆီ ဝယ်ယူရမည့်စနစ် စတင်ပြီးလျှင် ဆီတင်သွင်းမှုများကို စစ်ကောင်စီက အကြီးအကျယ် လျှော့ချမည်”နဲ့ “စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ဘဲ စစ်တပ်ကို အာဏာပြန်ပေးမည့် ရွေးကောက်ပွဲသာဖြစ်ဟု အမေရိကန်သံအမတ်​ကြီး ပြောဆို”၊ “ဂန့်ဂေါမြို့ပေါ်တွင် သန်းခေါင်စာရင်း ကောက်ယူနေသော ထွေအုပ်ရုံးနှင့် လဝကရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ”စတဲ့ သတင်းတွေကို ဖော်ပြထားတယ်။

သုံးသပ်ချက်

“Khit Thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းအကြောင်း အရာတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိပါတယ်။မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီ ကန်ဒေါ်လာ ၂၃ သန်း ပေးအပ်မည်ဟု တောင်ကိုရီးယားသမ္မတကြေညာမှုသတင်းကို 

Avatar

Title:Fact Check: မြောက်ကိုရီးယားက ပြည်သူတွေအတွက် ဒေါ်လာ ၂၃ သန်းပေးလိုက်ပြီး စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်တဲ့သတင်းတု

Fact Check By: နေရာမောင် 

Result: False





Source link

Leave a Reply

Your email address will not be published. Required fields are marked *