ပဲခူးတိုင်းတွင်းမှာလည်း ကျောက်ကြီးမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသမှ သတင်းထုတ်ပြန်ထားပါတယ်။ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာထိပ် ကျွန်းဘုရားသို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။ မနေ့က နိုဝင်ဘာ ၁ ရက်နေ့မှာ ရွာကြီးအင်းရွာ ကျွန်းဘုရားကိုဝင်လာတဲ့ အာဏာသိမ်းစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်တာ ဖြစ်ပါတယ်။ ရန်သူ ၁၀ ဦးသေပြီး ၁၅ ဦးဒဏ်ရာရတယ်လို့ တောင်ပိုင်းစစ်ဒေသ သတင်းက ထုတ်ပြန်ပါတယ်။ ဒီတိုက်ပွဲကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ P2-7803 ရိုးမ ၁ စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်း P2-9914 ရိုးမ ၂ စစ်ကြောင်း၊ ဖြူးပြည်သူ့ကာ ကွယ်ရေးအဖွဲ့ နှင့် KNLA ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါရွာအနီးမှာလည်း တိုက်ပွဲပြင်းထန်နေကြပါတယ်
နိုဝင်ဘာ ၁ ရက် မနက် ၆ နာရီကျော်ခန့်မှာ စစ်ကောင်စီ အင်အား ၁၅၀ ကျော်ဟာ အိုးဘိုရွာဘက်ကနေ ချီပါရွာဘက်ကို စစ်ကြောင်းထိုးလာခဲ့ပြီး ရွာတောင်ဘက်တံတားအနီးနဲ့ ရွာထိပ်အရောက်မှာ စောင့်ကြိုတိုက်ခိုက်ကြောင်း တိုက်ပွဲနှစ်နေရာ ဖြစ်ခဲ့ပြီး နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်ကြကြောင်း ပကဖ ရွှေဘိုက သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲမှာ ရန်သူ ၃ ဦးသေပြီး ၈ ဦးဒဏ်ရာရကြောင်းဆိုပြီး တော်လှန်ရေးရဲဘော် ၁ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းပေးများရဲ့အချက်အလက်ကို ကိုးကားပြီး တော်လှန်ရေးဘက်က ထုတ်ပြန်ပါတယ်။ တိုက်ပွဲများအပြီးမှာ စစ်ကောင်စီတပ်ဟာ ချီပါရွာမှာပဲ တပ်စွဲခဲ့ပြီး ည ၈ နာရီအကျော်မှာတော့ တော်လှန်ရေးတပ်များက ဒရုန်းဗုန်းသီး ၁၂ လုံးကြဲချတိုက်ခိုက်ကြောင်း ထိခိုက်မှုအခြေအနေမသိရကြောင်း ဆိုပါတယ်။ တပြိုင်တက်တည်းမှာပဲ အိုးဘိုကျေးရွာမှာ တပ်စွဲနေတဲ့ ရန်သူတွေကိုလည်း ဒရုန်းနဲ့ ၂ ကြိမ်၊ ဗုံးသီး ၄ လုံးချ တိုက်ခိုက်ကြောင်း သိရပါတယ်။ ခုတိုက်ပွဲကတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့ပေါင်းစုံက ပူးပေါင်းတိုက်ခိုက်တာ ဖြစ်ပြီး တိုက်ပွဲကြောင့် ချီပါမြောက်ရွာ၊ အိုးဘို၊ မင်းကုန်း၊ ပြင်ညကျေးရွာတွေက ဒေသခံ ၁၀၀၀ ကျော်ထွက်ပြေးနေရပါသည်။
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်းမှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကား ၃ စီးကိုမိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုနှင့်အတူ ကားတစီးလည်း ပျက်စီးသွားပါတယ်။ပကဖ နတ်မောက်ရဲ့ သတင်းထုတ်ပြန်ချက်အရ ယနေ့ နိုဝင်ဘာလ ၂ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ချိန်ခန့်က နတ်မောက်မြို့နယ်၊ စိုင်ကောင်းဘက်မှ ရွာတော်ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ၁၂ ဘီးကား ၃ စီးကို ဥယျာဉ်ကျေးရွာ နှင့် ရွာသစ်ကျေးရွာကြား အရောက်မှာ မိုင်းဆွဲတာလို့ သိရပါတယ်။ ရန်သူစစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှုရှိပြီး ကား တစ်စီးပျက်စီးကာ အခြားကားတစ်စီးဖြင့် ဆွဲယူသွားကြောင်း သိရပါတယ်။“ တိုက်ခိုက်ခံရတဲ့ကားက အင်အားက ၈၀ လောက်ရှိပြီး ပေါ်တာဆွဲ ၊ သန်းခေါင်စာရင်းကောက် နေတဲ့အဖွဲ့ဖြစ်ကြောင်း၊ အဲ့မိုင်းဆွဲခံရပြီးနောက် တစ်လမ်းလုံး ရမ်းသမ်းပစ်ခတ်ရာမှ ရွာသစ်တောတိုက်ထဲက အမျိုးသမီးတစ်ယောက် ပေါင်ကိုကျည်ထိမှန် သွားကြောင်း” အသိပေးထုတ်ပြန်ပါတယ်။အကြမ်းဖက်စစ်ကား ၃ စီးကို နတ်မောက်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုတို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြသည်။
The post ရရှိထားတဲ့ တိုက်ပွဲသတင်းတွေအရ first appeared on Voice of Revolution Live News.