ylliX - Online Advertising Network

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ် ထားသော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသက်မွေးပညာသင်တန်းကျောင်းများ ကြည့်ရှုစစ်ဆေး



နေပြည်တော်  အောက်တိုဘာ ၁၀

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသက်မွေးပညာသင်တန်းကျောင်းမျာကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ကမာရွတ်မြို့နယ်၌ ဖွင့်လှစ်ထားသော MHTi ဟိုတယ်နှင့် ခရီးသွားလာရေးသင်တန်းကျောင်း (MHTi- M Hospitality & Tourism Institute) သို့လည်းကောင်း၊ ဗဟန်းမြို့နယ်၌ Yangon Global Enterprise က ဖွင့်လှစ်ထားသော YGE Training Center သို့လည်းကောင်း သွားရောက်၍ သင်တန်းကျောင်းအတွင်း သင်တန်းသား များအား  စာတွေ့လက်တွေ့သင်ကြားပို့ချနေမှုများကို  လှည့်လည်ကြည့်ရှုအားပေးကာ  နိုင်ငံတကာ  စံသတ်မှတ်ချက်များနှင့်အညီ သင်ကြားပို့ချနိုင်ရေး၊ ကျွမ်းကျင်လုပ်သားများ စနစ်တကျ မွေးထုတ်ပေးနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ နိုင်ငံတကာသုံး  ဘာသာစကားသင်တန်းများ ဖွင့်လှစ်ပို့ချရေး၊ သင်တန်းကျောင်းများမှ ထွက်ရှိသော ထုတ်ကုန်များအား ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့် ရရှိရေးကိစ္စရပ်များကို မှာကြားသည်။

ထို့နောက်  ဗဟန်းမြို့နယ်ရှိ စင်္ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း (SMVTI) သို့ ရောက်ရှိပြီး သင်ကြားပေးလျက်ရှိသော ဘာသာရပ်များ၊ ဟိုတယ်နှင့် ခရီးသွား ဘာသာရပ်ဆိုင်ရာ  သက်မွေးသင်တန်းများ၊ သင်တန်းသားများအတွက်  စာသင်ဆောင်နှင့် စာသင်ခန်းများ စီစဉ်ထားရှိမှုအခြေအနေများကို မေးမြန်းကာ ဟိုတယ်နှင့်ခရီးသွားဘာသာ ရပ်ဆိုင်ရာများ သင်ကြားပို့ချရာတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  သတင်းစဉ် Source From: Kyemon

 



Source link

Leave a Reply

Your email address will not be published. Required fields are marked *