ylliX - Online Advertising Network

ရခိုင်ပြည်နယ်တိုက်ပွဲသတင်း(၅/၁၁/၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီအချိန်ထိ)








ရခိုင်ပြည်နယ်တိုက်ပွဲသတင်း(၅/၁၁/၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီအချိန်ထိ)

(အမ်း)
အမ်းမြို့သို့ရောက်ရှိနေသည့် တပ်မတော်စစ်ကူစစ်ကြောင်းများအနေဖြင့် နယ်မြေရှင်းလင်းခြင်း၊ စစ်ကူသွားရောက်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် (၂/၃၀၀)ဆေးရုံအအနီးနှင့် တိုက်စည်းကျောင်းအနီးရှိ AA အကြမ်းဖက် သောင်းကျန်းသူများရှိရာနေရာများအား ယနေ့နံနက်အစောပိုင်းမှစ၍ လေကြောင်း/ လက်နက်ကြီး/ Drone ပစ်ကူများရယူကာ စတင်ရှင်းလင်းတိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စိုးမိုးကုန်းနေရာ တော်တော်များများအား ပြန်လည်ရယူထားနိုင်ခဲ့ကာ အလောင်း/လက်နက်များ ရရှိထားကြောင်း၊ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ နယ်မြေခံထောက်ပို့တပ် ကာကင်းနေရာ (၂)ခုအား ညနေ ၃ နာရီနောက်ပိုင်းတွင် လာရောက်တိုက်ခိုက်ခဲ့သဖြင့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ရှိရာနေရာများအား Drone များ၊ လက်နက်ကြီးများဖြင့် ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့ပြီး ညနေ ၆ နာရီခန့်တွင် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ထားနိုင်ခဲ့ကြောင်းနှင့် နေ့လည် ၂ နာရီခန့်တွင် အမ်းမြို့တောင်ဘက် မီတာ ၆၀၀၀ ခန့်အကွာ ဆက်သွယ်ရေးကာကင်းကုန်းအား AA အကြမ်းဖက် သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သားများမှ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်းနှင့် စစ်ကူစစ်ကြောင်းမှ ညနေ ၄ နာရီအချိန်ခန့်တွင် အဆိုပါနေရာရှိ သောင်းကျန်းသူများ ဟန့်တားထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

(မောင်တော)
ယနေ့နံနက်ပိုင်း ၉ နာရီအချိန်ခန့်က နခခ(၅)အား AA အကြမ်းဖက် သောင်းကျန်းသူများမှ နေရာ ၃ နေရာမှနေ၍ တပြိုင်နက် လာရောက်တိုက်ခိုက် ခဲ့သော်လည်း တပ်မတော်သားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များမှ အပြင်းအထန် ပြန်လည်တိုက်ခိုက်ချေမှုန်းမှု၊ လက်နက်ကြီးများဖြင့် သောင်းကျန်းသူရှိရာနေရာများအား တိုက်ခိုက်ချေမှုန်းမှု၊ Drone ဖြင့် ၎င်းတို့ရှိရာနေရာများအား အတင်းထိုးဖောက်တိုက်ခိုက်မှုတို့ကြောင့် နှစ်ဖက်တိုက်ပွဲ မိနစ်(၃၀)ခန့် ဖြစ်ပွားခဲ့ကာ AA အကြမ်းဖက်သောင်းကျန်းသူများ သေဆုံး/ဒဏ်ရာရ များစွာဖြင့် ထပ်မံဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

(တောင်ကုတ်)
ယနေ့နံနက်ပိုင်း ၈ နာရီအချိန်ခန့်က တောင်ကုတ်မြို့ အရှေ့ဘက် မီတာ(၃၈၀၀) အကွာ ပန်းမြောက်တောင် လမ်းခွဲနေရာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းအား AA သောင်းကျန်းသူအဖွဲ့မှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ မိနစ်(၂၀)ခန့်ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ တတိယအကြိမ်မြောက် ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

AA အဖွဲ့အနေဖြင့် မောင်တောနှင့်အမ်းဒေသတွင် စစ်ရေးရှုံးနိမ့်များ ဖြစ်ပေါ်နေသောကြောင့် ဒေသခံများအား နေ့စဉ်လူသားတံတိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လျက် ရှိရာ ယနေ့တွင်လည်း အမ်းမြို့နယ်အတွင်းရှိ ဒိုင်ကြီးရွာ၊ ဂျင်ကုန်းရွာ၊ အင်ကုန်းရွာ၊ ဒိုင်လေးရွာ စသည့်ရွာများမှနေ၍ မြောက်ဘက် ကားလမ်းအတိုင်း စစ်ဘေးရှောင်ရန် ထွက်ခွာလာသည့် ယောက်ကျား/မိန်းမ စုစုပေါင်း လူ(၇၀)ကျော်ကို အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားကြောင်း၊ ၎င်းတို့အောက်ခြေ တပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကျဆင်းမှုများ မရှိစေရန် သောင်းကျန်းသူအားပေး မီဒီယာများမှတဆင့် သတင်းတုများဖြင့် အာရုံလွှဲရေးသားဖြန့်ဝေလျက်ရှိရာ ယနေ့တွင်လည်း  “တောင်ကုတ်တပ်မနှင့် သုံးမိုင်အကွာ အမြောက်တပ်ကို ‌AA သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း၊ မောင်တောခံစစ်နေရာများ ပေါက်သွားပြီး  ‌AA မှ နခခ ၅ အား သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း၊ အမ်းတပ်နယ်ရှိ တပ်ရင်း(၇)ရင်း ကျသွားပြီ ဖြစ်ကြောင်း”စသည့် သတင်းအမှားအား ဖြန့်ဝေလျက်ရှိသည်။ အဆိုပါသတင်းနှင့် ပက်သက်၍ သက်ဆိုင်ရာများအား မေးမြန်းကြည့်ရာ သတင်းမှာမှန်ကန်မှုမရှိကြောင်းနှင့် အမ်းမြို့၊ ပူလောင်တောင်စခန်းအနီးတိုက်ပွဲ၌  AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ စစ်ကြောင်းမှူးအဆင့်ရှိသူ ထွန်းနိုင်စိုး(ခေါ်)ချီယေးမှာ လေယာဉ်ဗုံးကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။




Source link

Leave a Reply

Your email address will not be published. Required fields are marked *