ylliX - Online Advertising Network
နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အလေးထား ဆောင်ရွက်ရန်လိုအပ်ဟု နစက ဥက္ကဋ္ဌပြော -

နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အလေးထား ဆောင်ရွက်ရန်လိုအပ်ဟု နစက ဥက္ကဋ္ဌပြော –


ဝင်ဘာ ၅ ရက်ညနေပိုင်းက တရုတ်နိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူး H.E. Mr. Wang Ning အား ကူမင်းမြို့ရှိ Haigeng Hotel ဧည့်ခန်းမဆောင်၌တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံသည် ခွဲခြား၍မရနိုင်ဘဲ ပူးပေါင်းဆောင်ရွက်မှုများပိုမိုမြှင့်တင်နိုင်ရေး၊ စီးပွားရေးအရ ကူးလူးဆက်သွယ်မှုကိုပိုမိုအကောင်အထည်ဖော်နိုင်ရေးတို့အတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို ပူးပေါင်းအရှိန်မြှင့်တင်ကာ အလေးထားဆောင်ရွက်သွားရန်လိုအပ်ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှသာ သွင်းကုန်၊ ပို့ကုန်ကဏ္ဍကို ပိုမိုဆောင်ရွက်နိုင်မည်ဟု ပြောသည်။

ကမ္ဘာတစ်ဝန်းတိုးတက်လာသည့် လူဦးရေနှင့်အတူ ကြုံတွေ့လာရသည့် စားရေရိက္ခာလိုအပ် ချက်အား မြန်မာနိုင်ငံ တွင်ဖြည့်ဆည်းပေးနိုင်မည့် အရင်းအမြစ်ကောင်းများစွာပိုင်ဆိုင်ထားသဖြင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲ သစ်တောထွက်သယံဇာတများကိုအခြေခံသည့် စက်မှုလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်လိုသည်ဟု ပြောသည်။

ထို့ပြင် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုတို့ အပါအဝင် အခြားသောကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ရန်မြန်မာနိုင်ငံဘက်မှအသင့်ရှိပြီး နှစ်ဖက်ကူးလူးဆက်ဆံသွားလာရေးတွင် လုံခြုံချောမွေ့ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

ထို့အတူ H.E. Mr. Wang Ning မှလည်း ယူနန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်နေမှုနှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုရှိစေရန် ဆောင်ရွက်လျက်ရှိမှု၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံကြား သံတမန်ရေးအရ၊ စီးပွားရေးအရ ကူးလူးဆက်ဆံဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံကြား အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်၍ နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိမှုကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်မှုများကို အတူတကွပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံသဘောတူညီပြီးဖြစ်သည့် စီမံကိန်းလုပ်ငန်းများအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့် H.E. Mr. Wang Ning တို့သည် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်ကြား စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေ၊ လူသားအရင်းအမြစ် လေ့ကျင့်မွေးထုတ်ရေး တို့နှင့်ပတ်သက်၍ လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *