စစ်တိုက်လေယာဉ် ၂ စီး အချင်းချင်းတိုက်မိလို့ ၂ စီးလုံးပျက်ကျပြီး ၃၆ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။
“လေယာဉ်ပျက်ကျ(၃၆)ဦးသေဆုံး
စစ်တိုက်လေယာဉ်(၂)စီး အချင်းချင်း တိုက်မိလို့ ၂ စီးလုံး ပျက်ကျပြီး ၃၆ ဦးသေဆုံး”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
စစ်တိုက်လေယာဉ် ၂ စီး အချင်းချင်းတိုက်မိလို့ ၂ စီးလုံးပျက်ကျပြီး ၃၆ ဦးသေဆုံးခဲ့တယ်ဆိုအကြောင်း သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖော်ပြချက်မတွေ့ရပါဘူး။ “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည် ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် သို့မဟုတ် သတင်းခေါင်းစဉ်လွဲတပ်ကာ ဖြန့်ချိလေ့ရှိတယ်။
Also read – Fact Check: မန္တလေးမြို့တွင်းကို KIA နဲ့ PDF ဝင်စီးတိုက်ခိုက်ရာ စစ်တပ်က ရာနဲ့ချီ သေဆုံးဆိုတဲ့ သတင်းတု
အခုလည်း သတင်းထဲမှာဖော်ပြခဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “မြဝတီမြို့အနီးရှိ ကုန်သွယ်ရေးဇုန်အတွင်းကို စစ်သား ၁၀၀ ကျော် လေထီးနှင့် ဆင်းနေ၊ လေထီးမပွင့်၍ သေဆုံးသူများလည်းရှိ”ဆိုတဲ့ သတင်းသာဖြစ်တယ်။
၇ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ် ဖော်ပြထားတဲ့ အကြောင်းအရာတွေကတော့ ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြခဲ့တဲ့ “အမ်းတွင် စစ်ကောင်စီ၏ မြေပြင်ထောက်ပို့လမ်းကြောင်းများကို AA က ပိတ်ဆို့ဖြတ်တောက်ထား၍ လက်နက်ရိက္ခာတို့ကို လေကြောင်းမှပို့နေရပြီး နပခ စစ်ဌာနချုပ်အနီးထိ AA ထိုးစစ်ဆင်”၊ လွတ်လပ်တဲ့ အာရှအသံ သတင်းဌာနကဖော်ပြခဲ့တဲ့ “ပခုက္ကူမှာ ကိုယ်ဝန်ဆောင်တစ်ဦးနဲ့ PDF နှစ်ဦး သတ်ဖြတ်ခံရ”၊ Voice of Myanmar သတင်းဌာနကဖော်ပြခဲ့တဲ့ “မီးရထားလက်မှတ်ခတွေ တိုးမြင့် ကောက်ပြန် ၊ခရီးစဥ်အလိုက် ၂၀၀၀ မှ ၄၀၀၀ ကျပ်အထိတိုးကောက်ခြင်းဖြစ်”၊ “သွင်းကုန်လိုင်စင်နဲ့ တင်သွင်းခြင်းမရှိတဲ့ ထိုင်းနဲ့ တရုတ်ထုတ်ကုန်တွေကို ရောင်းချခွင့်မပြုတော့ဘူးလို့ သိရ”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်
“Share Local Media”ယူကျူ့ချန်နယ်ဟာ သတင်းတွေကို ပြန်လည် ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုပုံစံနဲ့ ဖြန့်ချိပါတယ်။ စစ်တိုက်လေယာဉ် ၂ စီး အချင်းချင်းတိုက်မိလို့ ၂ စီးလုံးပျက်ကျပြီး ၃၆ ဦးသေဆုံးခဲ့ တယ်ဆိုတာ မဟုတ်မှန်ဘဲ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရတယ်။
ပြောဆိုချက်- စစ်တိုက်လေယာဉ် ၂ စီး အချင်းချင်းတိုက်မိလို့ ၂ စီးလုံးပျက်ကျပြီး ၃၆ ဦးသေဆုံး
Title:Fact Check: စစ်တိုက်လေယာဉ် ၂ စီးတိုက်မိလို့ ၃၆ ဦးသေဆုံးဆိုတဲ့ သတင်းတု
Fact Check By: Zun Zee
Result: False