မာမာ ဒီနေ့တော့ မုံလာဥ ဝယ်လာကာ မုံလာဥကို ကြက်ဥထည့်ပြီး ကြော်ပါတယ်။ ကြော်ရတာတော့ အရမ်းမြန်ပြီး စားလို့လဲ အရမ်းကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- မုံလာဥ – မိမိနှစ်သက်သလောက် ထည့်ပေးပါ
- ကြက်ဥ – တစ်လုံး
- ကြက်သွန်နီ – အနေတော် တစ်ဥ
- အရသာမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဆီ – ထမင်းစားဇွန်း ငါးဇွန်းခန့်
- နနွင်းမှုန့်. – လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပြင်ဆင်ပုံ
- မုံလာဥကို အခွံခွာပြီး ပုံပါအတိုင်း ခပ်ရှည်ရှည်လေးတွေ လှီးပေးကာ ရေဆေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
- အောက်ခြေမကပ်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
- ဆီပူလာပါက ကြက်သွန်နီကို ထည့်ပြီး မွှေးလာအောင် ကြော်ပေးပါ
- ကြက်သွန်ကြော်နံ့ မွှေးလာတာနဲ့ မုံလာဥကို ထည့်ပေးကာ ကြော်ပေးပါ
- အားလုံး သမသွားတာနဲ့ ဆားနှင့် အရသာမှုန့် တို့ကိုထည့်ပြီး လေးမိနစ်လောက် ကြော်ပေးပါ
- အားလုံး အရသာ သမသွားပြီ ဆိုတာနဲ့ ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
- ကြက်ဥကျက်တာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာကို လိုသလို ပြင်ပေးပြီးပါက မုံလာဥကြက်ဥ မွှေကြေ်မွှေးမွှေး စိမ့်စိမ့်လေး ရပါပြီ။