ylliX - Online Advertising Network

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး



နေပြည်တော်၊ နိုဝင်ဘာ ၅

၂၀၂၄ ခုနှစ်၊ ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေး စခန်းကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ စစ်ဆေးစဉ် ဒုတိယဝန်ကြီးက တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော် မတီဝင်များ၊ တည်းခိုရေးစခန်းတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး  ပြိုင်ပွဲဝင်အားကစား သမားများ၊ အားကစားနည်းပြများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒိုင်/ဂျူရီများ  တည်းခိုနေထိုင်မည့် နေရာများကို ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်ဖြစ်စေရေး၊ ဆပ်ကော်မတီဝင်များအားလုံးက ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီဝင်များက တည်းခိုနေထိုင်ရေး ဧည့်ခံ ကျွေးမွေးရေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပြိုင်ပွဲဝင် အားကစားသမားများ၊ အားကစားနည်းပြ များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒိုင်/ဂျူရီများအတွက် ဧည့်ခံကျွေးမွေးမည့်နေရာများ၊ တည်းခို နေထိုင်မည့် အိပ်ခန်းများနှင့် တည်းခိုဆောင်များကို ကြည့်ရှုစစ်ဆေးပြီး အိမ်ဆောင်များတွင် လိုအပ်သော ပရိဘောဂပစ္စည်းများဖြည့်တင်းနိုင်ရေး၊ ရေ၊ မီး၊ မိလ္လာစနစ်ကောင်းမွန်အောင် ဆောင်ရွက်ရေးနှင့် အိပ်ဆောင်အတွင်း၊အပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး တို့ကိုမှာကြားခဲ့ ကြောင်း သိရသည်။

သတင်းစဉ်

Source From: Kyemon



Source link

Leave a Reply

Your email address will not be published. Required fields are marked *