ylliX - Online Advertising Network

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ဒုတိယ (၁၀)ရက်ပတ်အတွက် စိုက်ပျိုးရေး မိုးလေဝသ ခန့်မှန်းချက်


 

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ဒုတိယ (၁၀)ရက်ပတ်အတွက် စိုက်ပျိုးရေး မိုးလေဝသ ခန့်မှန်းချက်

 

နေပြည်တော်  နိုဝင်ဘာ  ၁၁

ဘင်္ဂလားပင်လယ်အော် အခြေအနေ

     ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်သည်။    ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်သည်။

မိုးရွာသွန်းနိုင်မှုအခြေအနေ

     တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။

အမြင့်ဆုံးအပူချိန်အခြေအနေ

      ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ၆၅ ဒီဂရီဖာရင်ဟိုက်မှ ၇၅ ဒီဂရီဖာရင်ဟိုက်အတွင်း   ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် မြောက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၇၆ ဒီဂရီဖာရင်ဟိုက်မှ ၈၆ ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၈၇ ဒီဂရီဖာရင်ဟိုက်မှ ၉၆ ဒီဂရီဖာရင်ဟိုက်အတွင်း အသီးသီးရှိနိုင်သည်။

အနိမ့်ဆုံးအပူချိန်အခြေအနေ

     ချင်းပြည်နယ်တွင် ၄၃ ဒီဂရီဖာရင်ဟိုက်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၅၆ ဒီဂရီဖာရင်ဟိုက်မှ ၆၆ ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၆၇ ဒီဂရီဖာရင်ဟိုက်မှ ၇၆ ဒီဂရီဖာရင်ဟိုက်အတွင်း အသီးသီး ရှိနိုင်သည်။

လေထုစိုထိုင်းဆအခြေအနေ

     ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ၆၉ ရာခိုင်နှုန်းမှ ၇၈ ရာခိုင်နှုန်းအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ၇၉ ရာခိုင်နှုန်းမှ ၈၈ ရာခိုင်နှုန်းအတွင်းနှင့် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ၈၉ ရာခိုင်နှုန်းမှ ၉၆ ရာခိုင်နှုန်းအတွင်း အသီးသီးရှိနိုင်သည်။

ပင်ငွေ့ရေငွေ့ပြန်နှုန်းအခြေအနေ

     ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် ၁၃ မီလီမီတာမှ ၂၁ မီလီမီတာအတွင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၂၂ မီလီမီတာမှ ၃၁ မီလီမီတာ အတွင်းနှင့် တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၃၂ မီလီမီတာမှ ၄၂ မီလီမီတာအတွင်း အသီးသီး ရှိနိုင်သည်။

မြေဆီလွှာအောင်းရေအခြေအနေ

     ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် (ပြည့်ဝ) အခြေအနေနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (စိုစွတ်)အခြေအနေ အသီးသီး ရှိနိုင်သည်။

(မိုး/ဇလ)



Source link

Leave a Reply

Your email address will not be published. Required fields are marked *