ylliX - Online Advertising Network

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်


ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ် OPPO က နောက်ဆုံးပေါ် OPPO A3 Series တွေထဲကမှ ယခင်ထွက်ရှိထားပြီးသား OPPO A3 နဲ့ Chipset တူညီသလို မာကြောမှု ၊ အကြမ်းခံမှုတွေပါ တူညီပြီး ဈေးနှုန်းအနေနဲ့ ပိုမိုသက်သာတဲ့ OPPO A3x (4+128) ဗားရှင်းအသစ် ကို မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ ၅၉၉,၉၀၀ ကျပ်ဖြင့် စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။  OPPO A3x ကို Nebula Red နဲ့ Ocean Blue ဆိုပြီး အရောင် နှစ်မျိုး ဖြင့် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး OPPO A3 နဲ့ Chipset တူညီတာကြောင့် နေ့စဉ် ဖုန်းအသုံးပြုမှုတွေမှာလဲ အဆင်ပြေချောမွေ့စေမှာဖြစ်ပါတယ်။

 

Image: OPPO

ဈေးနှုန်းတူ ဖုန်းများအကြား အမာကြောဆုံး ဖြစ်တဲ့အပြင် Multiple Liquid Resistance ပါဝင်လာတဲ့ OPPO A3x

ဈေးနှုန်းတူဝန်းကျင် စမတ်ဖုန်းများအကြား မာကြောမှုဒဏ်တွေကို စမ်းသပ်တဲ့ Military-Grade Shock Resistance စမ်းသပ်မှုကို အောင်မြင်ခဲ့တာကြောင့် MIL-STD 810H Certification ကို ရရှိထားရုံသာမက အခြားသော အကြမ်းခံမှုတွေအတွက် SGS Premium Certification ကိုပါ ဈေးနှုန်းတူ စမတ်ဖုန်းတွေအကြား OPPO A3x က ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါတင်သာမက Multiple Liquid Resistance ပါရှိမှုကြောင့် စွပ်ပြုတ် ၊ ကော်ဖီ ၊ လက်ဖက်ရည် ၊ နွားနို့ နဲ့ ဆန်ပြုတ် အစရှိတဲ့ အရည်တွေ ဖိတ်စဉ်မှုအတွက်လဲ တစ်စက်မှ စိုးရိမ်စရာမရှိတဲ့ စမတ်ဖုန်းတစ်မျိုးအဖြစ် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

 

Image: OPPO

တောက်ပတဲ့ဒီဇိုင်းနဲ့ အကြမ်းခံရုံသာမက နေ့စဉ်အသုံးပြုရလွယ်ကူချောမွေ့စေမဲ့ Qualcomm Snapdragon Chipset

OPPO A3x မှာဆိုရင် အသက်အရွယ်တိုင်းအတွက် အဆင်ပြေပြီး အကြိုက်တွေ့စေမဲ့ Nebula Red နဲ့ Ocean Blue ဆိုပြီး အရောင် နှစ်မျိုးဖြင့် ထုတ်လုပ်လာတာဖြစ်ပါတယ်။ Ocean Blue အရောင်အနေနဲ့ ပစိဖိတ်သမုဒ္ဒရာ ရဲ့ စိမ်းပြာပြာအရောင် တောက်ပမှုနဲ့အတူ စီးဆင်းနေတဲ့ ရေလှိုင်းတံလျှပ်ပမာ အသွင်အပြင်တို့ကို ပေါင်းစပ်ကာ ထူးခြားပြီး ဆန်းပြားတဲ့ အရောင်အဖြစ် ဖန်တီးထားတာဖြစ်ပါတယ်။ Nebula Red အရောင်ကိုတော့ ကျည်ဆန်အရောင်နဲ့ အလားသဏ္ဌာန်တူတဲ့ Pattern များစွာဖြင့် ဖုံးအုပ်ထားပြီး အဆင့်မြင့် OPPO Glow texture နဲ့ အတူ လှပတဲ့ ကြက်သွေးအရောင်စပ်ဖြစ်အောင် ပုံဖော်ဖန်တီးထားတာဖြစ်ပါတယ်။ OPPO A3x ဟာ ဒီဇိုင်းအားဖြင့် တောက်ပကျော့ရှင်းရုံသာမက လူကြီး လူငယ်မရွေး အသုံးပြုရ လွယ်ကူချောမွေ့စေမဲ့ Qualcomm ရဲ့ Snapdragon 6s 4G Gen1 Mobile Platform Chipset ကိုလဲ ထည့်သွင်းလာတာဖြစ်ပါတယ်။ Qualcomm ရဲ့ Snapdragon Chipset က သုံးစွဲသူတွေအတွက် ပိုပြီးကောင်းမွန်ချောမွေ့တဲ့ သုံးစွဲမှုအတွေ့အကြုံတွေကို ပေးစွမ်းနိုင်ရုံသာမက သုံးစွဲသူတွေကို ၄ နှစ်နဲ့ အထက် အသုံးခံအောင် ဖန်တီးထားတာဖြစ်ပါတယ်။ ဒါတင်သာမက သုံးစွဲသူတွေအတွက် RAM 4 GB နဲ့အတူ RAM Expansion 4GB ထပ်မံရရှိဦးမဲ့အပြင် ပိုပြီး သိမ်းဆည်းထားနိုင်တဲ့ ROM သိမ်းဆည်းမှု 128 GB ပါဝင်လာတာကြောင့် အလွယ်တကူ ချောမွေ့စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

 

Image: OPPO

1000nits Peak Brightness နဲ့အတူ အားကြာရှည်ခံနိုင်တဲ့ OPPO A3x

OPPO A3 Series ထုတ်ကုန်တွေထဲမှာ ဈေးနှုန်းအသက်သာဆုံးအဖြစ် သတ်မှတ်လို့ရတဲ့ OPPO A3x ဟာ တခြားသော OPPO A3 Series ထုတ်ကုန်တွေလို Qualcomm Snapdragon Chipset ကို အသုံးပြုထားရုံ သာမက ကြာရှည်အသုံးပြုနိုင်စေရန် ရည်ရွယ်ချက်ဖြင့် 5100 mAh ဘက်ထရီနဲ့အတူ 45W SUPERVOOC Flash Charge အားသွင်းကြိုးကိုလဲ ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် အားကို ပိုမိုကြာရှည်ခံနိုင်သလို အားသွင်းတဲ့အခါမှာလဲ အချိန်တိုအတွင်း အားအမြန်ပြည့်နိုင်တဲ့ စမတ်ဖုန်း တစ်လုံးအဖြစ် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ 90 Hz Refresh Rate ကြောင့် သုံးစွဲရတာ ချောမွေ့ မြန်ဆန်စေနိုင်တဲ့ OPPO A3x ဟာ Mono Speaker နဲ့အတူ 300% Ultra Volume Mode ပါရှိလာသလို Ultra Brightness Display မှာဆိုရင်လည်း 1000nits Peak Brightness ပါဝင်တာကြောင့် နေရောင်အောက်မှာလဲ အချိန်မရွေး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Qualcomm Snapdragon Chipset ကို အသုံးပြုထားပြီး ဈေးနှုန်းတူ ဖုန်းများအကြား အမာကြောဆုံးနဲ့ သုံးစွဲရတာ ချောမွေ့မြန်ဆန်စေတဲ့ OPPO A3x ကို ၅၉၉,၉၀၀ ကျပ်ဖြင့် စတင်ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ OPPO A3 Series ထုတ်ကုန်အသစ် OPPO A3x ရဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ အသေးစိတ် သိရှိလိုပါက OPPO Myanmar Official Facebook Page – https://bit.ly/3O6nUs0 ၊ Website –http://bit.ly/4fDa4sQ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram –https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *