ylliX - Online Advertising Network

Sweet 16 ကို ခံစားရမယ့် အံ့ဩစရာလုပ်ဆောင်ချက်တွေ၊ Limited Edition လက်ဆောင်တွေနဲ့Galaxy A16 စမတ်ဖုန်းအသစ်ကို မြန်မာနိုင်ငံမှာ မိတ်ဆက်


 Samsung ရဲ့ နောက်ဆုံးထွက် Galaxy A16 5G စမတ်ဖုန်းကို မြန်မာနိုင်ငံ ဈေးကွက်အတွင်းမှာ Sweet 16 အနေနဲ့ စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ Galaxy A16 စမတ်ဖုန်းဟာ နေ့စဉ်ဘဝကို ပိုမိုချိုမြိန်သွားစေမယ့် Sweet အဖြစ်ဆုံး ထုတ်ကုန်တစ်ခုအဖြစ် ထွက်ရှိလာတာဖြစ်ပြီး လူငယ်ဆန်တဲ့ အရောင် နဲ့ ဒီဇိုင်း၊ တောက်ပ စိုပြည်ပြီး အကောင်းဆုံး ကြည့်ရှုမှု အရည်အသွေးကို ရရှိစေမယ့် Super AMOLED Display၊ လိုင်းဆွဲအားအကောင်းဆုံး 5G Connection နဲ့ အမိုက်စား Awesome ဖြစ်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတာဖြစ်ပါတယ်။

Samsung Myanmar က Galaxy A16 နဲ့အတူ လူငယ်များအကြား ရေပန်းစား လူကြိုက်များတဲ့   ပြည်တွင်းထုတ်ကုန် အမှတ်တံဆိပ်ဖြစ်တဲ့ SISBURMA နဲ့လည်း Exclusive Colloboration အနေနဲ့ ပူးပေါင်းပြီး အထူးသီးသန့်ဒီဇိုင်းနဲ့ Galaxy A16 x SISBURMA Limited Edition Tee ကိုပါ ဝယ်ယူအားပေးသူတွေအတွက် ဖန်တီးယူဆောင်လာခဲ့ပါတယ်။ Galaxy A16 ရဲ့ နေ့စဉ်ဘဝကို Sweet 16 ဖြစ်စေမယ့် အံ့ဩစရာကောင်းတဲ့ လုပ်ဆောင်ချက်တွေကို ပုံဖော်ထည့်သွင်းထားတဲ့ ဒီဇိုင်းနဲ့  အရေအတွက် အကန့်အသတ်နဲ့သာ ရရှိနိုင်မယ့် အဆိုပါ Limited Edition Tee ကို Galaxy A16 ကို ဝယ်ယူတာနဲ့ အထူးသီးသန့်လက်ဆောင်အနေနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

Image: Samsung

Galaxy A16 စမတ်ဖုန်းအသစ်ဟာ ပါးလွှာကျစ်လစ်ပြီး လှပတဲ့ ဒီဇိုင်းကို ရိုးရှင်းလှပပြီး ပရီမီယမ်ဆန်တဲ့ ကင်မရာဒီဇိုင်းနဲ့ အတူဖန်တီးထားတဲ့ Galaxy ဒီဇီုင်းနဲ့ ထွက်ရှိလာတာဖြစ်ပြီး ညီညာပြန့်ပြူးပြီး ပါးလွှာတဲ့ ဘေးဘောင်ကြောင့် ကိုယ်တွယ်ရတာလည်း သက်တောင့်သက်သာနဲ့ လွယ်ကူစေမှာဖြစ်ပါတယ်။ Infinity-U Display နည်းပညာကို အသုံးပြုပြီး ပေးထားပြီး ၆.၇ လက်မ အကျယ်ရှိတဲ့ FHD+ နဲ့ Super AMOLED Display မျက်နှာပြင် ကို ထည့်သွင်းပေးထားတာဖြစ်တဲ့အတွက် ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်မှာ ရုပ်ထွက်များကို သဘာဝနှင့်အနီးစပ်ဆုံး ကာလာအရောင်အသွေးများကို ပြသပေးနိုင်လို့ အကောင်းဆုံးကြည့်ရှုမှုအရည်အသွေးကို ခံစားရရှိနိုင်စေပါတယ်။  90Hz Refresh Rate လည်း ပါဝင်လာပြီဖြစ်တဲ့အတွက် ဂိမ်းကစားမှု၊ ဓာတ်ပုံနှင့်ဗီဒီယိုကြည့်ရှုမှုများမှာပါ ပိုမို မြန်ဆန် ချောမွေ့စွာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ HDM 800nits အထိ ထောက်ပံ့ပေးထားတဲ့အတွက် ပြင်ပအလင်းရောင် စူးရှတဲ့ Outdoor Area များမှာပါ စိုပြေတောက်ပစွာ ကြည့်ရှုနိုင်စေဦးမှာပါ။ ဒါတင်မကဘဲ iP Rating အနေနဲ့ IP54  ထိပါဝင်လာတာကြောင့် ရေမှုန်ရေမွှားများနှင့် ဖုန်ဒဏ်ကို မတော်တဆထိခိုက်မှုများအတွက် စိုးရိမ်စရာမရှိပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Image: Samsung

Galaxy A16 မှာ အရည်အသွေးမြင့် ဓာတ်ပုံနှင့်ဗီဒီယိုများကို အကောင်းဆုံး ရိုက်ကူးနိုင်စေရန်အတွက် 50MP Main ကင်မရာ၊ 5MP Ultra-Wide ကင်မရာနဲ့ 2MP Macro ကင်မရာတို့ကို ထည့်သွင်းပေးထားတာကြောင့် ဝေဝါးမှုအနည်းဆုံးနဲ့ ပိုမိုကျယ်ပြန့်တဲ့ မြင်ကွင်းတွေကို ဖန်တီးရိုက်ကူးနိုင်စေမှာပါ။ Studio Grade Self Portrait တွေရိုက်ကူးနိုင်မယ့် 13MP Selfie ကင်မရာကို အသုံးပြုထားတဲ့အတွက် လှပတဲ့အလှပုံတွေကို အသေးဆုံးအရာများအထိဝေဝါးမှုအနည်းဆုံးနဲ့ ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ရိုက်ကူးထားတဲ့ ဓာတ်ပုံများကိုလည်း Edit Suggestion ကနေ တဆင့် အကောင်းဆုံး ဓာတ်ပုံများဖြစ်အောင်  လွယ်ကူလျင်မြန်စွာ ဖန်တီးနိုင်စေဦးမှာပါ။

Awesome အဖြစ်ဆုံး လုပ်ဆောင်နိုင်စွမ်းကို ပေးစွမ်းနိုင်ဖို့အတွက်လည်း စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Media Tek Dimensity 6300 ကို အသုံးပြုပေးထားတဲ့အတွက် ဂိမ်းကစားခြင်းနဲ့ ဆိုရှယ်မီဒီယာ အသုံးပြုခြင်းတို့အပါအဝင် လုပ်ဆောင်ချက်များစွာကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာဖြစ်သလို လုံလောက်သည်ထက် ပိုမိုစွာ အားကြာရှည်ခံစေတဲ့ 5,000 mAh ဘက်ထရီကိုထည့်သွင်းပေး ထားတဲ့အတွက် ကြာရှည်စွာ အသုံးပြုနိုင်စေမှာပါ။ 25W Super-Fast Charging ပါဝင်တာကြောင့် ပြန်လည်အားသွင်းရာမှာလည်း အထူးမြန်ဆန်စေဦးမှာဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ စိတ်အချရဆုံး လုံခြုံရေးစနစ်ကို ပေးစွမ်းနိုင်စေဖို့ EAL5+ ရဲ့ ကမ္ဘာ့အဆင့်မီ လုံခြုံရေးစနစ်အသိအမှတ်ပြုလက်မှတ် ရရှိထားတဲ့ Samsung Knox Vault ကိုလည်း Galaxy A16 မှာ ထည့်သွင်းပေးလာပြီဖြစ်ပါတယ်။ Samsung Knox Vault က မိုဘိုင်းဖုန်းရဲ့ Software ပိုင်း နဲ့ Hardware ပိုင်း ၂ မျိုးလုံးကို ကာကွယ်ပေးနိုင်မှာဖြစ်ပြီး End-to-end data encryption ပြုလုပ်ပေးထားတာဖြစ်လို့ မည်သည့်အခြေအနေမှာမဆို မိမိရဲ့ ဒေတာတွေကို အခြားတစ်စုံတစ်ယောက်က ခိုးယူဝင်ရောက်ခြင်းမပြုနိုင်အောင် တားဆီးပေးထားနိုင်မှာ ဖြစ်ပါတယ်။ ရေရှည် ရည်ရွယ်ပြီး အသုံးပြုနိုင်ရန် အတွက်လည်း OS Update ၆ ကြိမ်နဲ့ Security Update ၆ နှစ် အထိ ထောက်ပံ့ပေးထားပါတယ်။

Image: Samsung

Galaxy A16 5G စမတ်ဖုန်းအသစ်ကို လူငယ်ဆန်ပြီး လှပတဲ့ အရောင်တွေနဲ့ ရရှိနိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံ ဈေးကွက်အတွင်းမှာ အောက်ပါ အရောင်နဲ့ ဈေးနှုန်းတွေ အတိုင်း ဝယ်ယူရရှိနိုင်မှာပါ။

  • Galaxy A16 5G (8/128GB) – ၁,၁၁၅,၀၀၀ ကျပ်
  • ရရှိနိုင်မည့်အရောင်များ – Blue Black, Light Green
  • Galaxy A16 5G (8/256GB) – ၁,၂၆၉,၀၀၀ ကျပ်
  • ရရှိနိုင်မည့်အရောင်များ – Blue Black, Gold

Galaxy A16 စမတ်ဖုန်း ကို ဝယ်ယူအားပေးသူတွေအနေနဲ့ Samsung နဲ့ SISBURMA တို့ ပူးပေါင်းဖန်တီးထားတဲ့ Galaxy A16 x SISBURMA Limited Edition Tee ကို ပစ္စည်းလက်ကျန်ရှိတဲ့အထိ အထူးသီးသန့် လက်ဆောင်အနေနဲ့ ရရှိနိုင်မှာဖြစ်သလို အောက်ပါ အထူးခံစားခွင့်နဲ့ လက်ဆောင်တွေကိုလည်း ခံစားနိုင်မှာဖြစ်ပါတယ်။

  • Exclusive Gift ဖြစ်တဲ့ Galaxy A16 x SISBURMA Limited Edition Tee အပြင် Clear Cover နဲ့ Travel Adapter ကို ရရှိနိုင်မှာပါ။
  • Samsung Care+ ဝန်ဆောင်မှုအနေနဲ့ မတော်တဆဖြစ်ပြီး ဖုန်းအနောက် မျက်နှာပြင် ပျက်စီးခြင်း အတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၁၀၀ % သက်သာခွင့်၊ ဖုန်းအရှေ့မျက်နှာပြင် ပျက်စီးခြင်းအတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၆၀ % သက်သာခွင့် တွေကို ဝယ်ယူတဲ့နေ့မှ ၁ နှစ်အတွင်း ၁ ကြိမ် ခံစားခွင့် ကိုလည်း ရရှိနိုင်မှာပါ။
  • “ဖုန်းအဟောင်းပေး အသစ်ယူ” အစီအစဉ် အနေနဲ့ Samsung Galaxy J Series စမတ်ဖုန်းတွေနဲ့ ၂၀၂၂ ကနေ လက်ရှိအချိန်အထိ ထွက်ရှိထားတဲ့ သတ်မှတ် Galaxy A Series စမတ်ဖုန်းအဟောင်းနဲ့ Trade in လုပ်ပြီး Galaxy A16 5G ကိုဝယ်ယူမယ်ဆိုရင် ဖုန်းအဟောင်းတန်ဖိုးအပြင် Trade in Discount အဖြစ် ငွေကျပ် ၂၀၀,၀၀၀ ကျပ်ကို ရရှိနိုင်ဦးမှာပါ။
  • အတိုးမဲ့ အရစ်ကျ အစီအစဉ် အနေနဲ့လည်း AYA Pay (သို့မဟုတ်) Blue Season အစီအစဥ်နဲ့ ချိတ်ဆက်ပြီး လစဉ်အရစ်ကျ (၆) လ၊ (၉) လ ၊ (၁၂) လ စနစ်များနဲ့ ဝယ်ယူသွားနိုင်ဦးမှာဖြစ်ပါတယ်။
  • ATOM SIM Card ကို လက်ရှိအသုံးပြုနေသူနဲ့ SIM Card အသစ် ဝယ်ယူအသုံးပြုသူတွေအနေနဲ့လည်း လစဉ် ကျပ် ၁၀,၀၀၀ (သို့) ၅,၀၀၀ (သို့) ၃,၀၀၀ တန်ဖိုးရှိ ဖုန်းဘေလ် ဖြည့်သွင်းရုံနဲ့ ဖြည့်သွင်းတဲ့ ငွေပမာဏအလိုက် ဒေတာ 4GB အထိနဲ့အတူ YouTube နဲ့ TikTok အသုံးပြုရန်အတွက် ဒေတာ Pacakage တွေပါ ၆ လတိတိ အခမဲ့ ရရှိသွားမှာပါ။

Galaxy A16 စမတ်ဖုန်းအသစ်ကို နီးစပ်ရာ Samsung Showroom နဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး၊ အသေးစိတ် ထပ်မံသိရှိလိုပါက Samsung Myanmar Facebook Page မှာလည်း ဝင်ရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *