ylliX - Online Advertising Network

Fact Check: ‌သေခါနီးဖြစ်နေလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် လွှတ်ပေးဆိုတဲ့ သတင်းတု


သူမရဲ့နောက်ဆုံးနေ့ရက်တွေ ရောက်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောင်က လွှတ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ယူကျု့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုသာဖြစ်တယ်။

နိုဝင်ဘာ ၁၁ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ပြန်လည်မျှဝေမှုပေါင်း ၁ ဒဿမ ၄ သိန်းကျော်ရှိထားတယ်။ 

“သေခါနီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို

ရာသက်ပန်လွတ်ငြိမ်းခွင့်ပေးတော့မည်ဟု 

တရုတ်ပြန် မင်းအောင်လှိုင်ကြေညာလို့ လန့်ကုန်ကြပြီ”

C:\Users\User\Downloads\Screenshot 2024-11-12 at 12-06-54 local celegram သတင်းဌာန၏နိုဝင်ဘာလ၁၁ရက်၊မနက်၉နာရီအထူးသတင်း - YouTube.png

မူရင်းလင်ခ့် – Youtube link | Archive link

ကျန်းမာရေးအခြေအနေဆိုးရွားလာတာကြောင့် ထောင်က ပြန်လွှတ်တော့မယ်ဆိုပြီး အလားတူတဲ့ရေးသား မျှဝေမှုကို အခြားသော ချန်နယ်တခုက ထပ်မံ ဖြန့်ဝေခဲ့ရာမှာတော့ ကြည်ရှု့မှုပေါင်း ၄၀၀၀၀ ဝန်းကျင်ရရှိထားတယ်။ဒီနေရာမှာကြည့်ပါ။

အချက်အလက်စိစစ်ချက်

“Local Celegram” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းတုတွေ ဖြန့်ချိတဲ့ နေရာတခုသာဖြစ်တာတွေ့ရပါတယ်။ ဒီယူကျူ့ချန်နယ်က ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း သတင်းမှားဖြန့်ဝေမှုတွေကို Fact Crescendo Myanmar က  အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းထောင်ထဲမှာ သွားကိုက်ဝေဒနာခံစားနေရပြီး ကျန်းမာရေးလည်း ချို့တဲ့နေတယ်လို့ သတင်းမီဒီယာ တွေမှာ‌ ဖော်ပြချက်ရှိခဲ့ပေမဲ့ ဒီလို နောက်ဆုံးအခြေအနေရောက်နေပြီဆိုတဲ့ သတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေကဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာလည်း သတင်းဖော်ပြချက် မရှိပါဘူး။ 

တကယ်တမ်းမှာလည်း အခုလို သတင်းတုဗွီဒီယိုထဲပါအကြောင်းအရာဟာလည်း “ဒေါ်အောင်ဆန်းစုကြည် ဆေးကုသခွင့်ရရှိရေး စောင့်ဆိုင်းနေရဆဲ”ဆိုတဲ့ လွတ်လပ်တဲ့ အာရှအသံ(RFA)သတင်းဌာနကဖော်ပြခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာမှာ ‌‌ဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ဖော်ပြထားခြင်းသာဖြစ်တယ်။

C:\Users\User\Downloads\Untitled.jpg

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ထဲမှာ လေဖြန့်ဝေဒနာခံစားနေရပြီး စကား မပြောနိုင်တော့ဘူးဆိုတဲ့ အတည်မပြုနိုင်တဲ့ ကောလာဟလတွေ ပျံ့နှံ့ခဲ့ပါတယ်။

စစ်တပ်ဟာ အာဏာသိမ်းအပြီးမှာ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီအစိုးရအဖွဲ့ကို ဖြုတ်ချပြီး အစိုးရအဖွဲ့ဝင် တွေနဲ့ ပါတီထိပ်တန်းတာဝန်ရှိသူတွေကို ဖမ်းဆီးထောင်ချခဲ့ရာမှာ တချို့ပါတီထိပ်ပိုင်းခေါင်းဆောင်တွေဟာ ထောင်ထဲနဲ့ ဆေးရုံးမှာ သေဆုံးခဲ့ရပါတယ်။

သုံးသပ်ချက်

နောက်ဆုံးအခြေအနေရောက်နေပြီဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်က ပြန်လွှတ်ပေးလိုက်ပြီ ဆိုတဲ့ သတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေကဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာလည်း သတင်းဖော်ပြချက်မရှိပါဘူး။ ဒီအပြင် “Local Celegram” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းတုတွေ ဖြန့်ချိတဲ့ နေရာတခုသာဖြစ်တာတွေ့ရပြီး ဗွီဒီယိုထဲပါအကြောင်းအရာဟာလည်း RFA က ပြီးခဲ့တဲ့ စက်တင်ဘာမှာ ‌‌ဖော်ပြခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် သွားဝေဒနာ ပြင်းထန်စွာခံစားနေရတဲ့ သတင်းကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။

Avatar

Title:Fact Check: ‌သေခါနီးဖြစ်နေလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် လွှတ်ပေးဆိုတဲ့ သတင်းတု

Written By: နေရာမောင်
 

Result: False



Source link

Leave a Reply

Your email address will not be published. Required fields are marked *