ylliX - Online Advertising Network

သပိတ်ကျင်းမြို့နယ် ၇မိုင်စခန်း၊ ကျောက်ကြီးစခန်းနဲ့ တတက ၁၃တို့ကို ပိတ်ဆို့တိုက်ခိုက်နေ


မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ၇မိုင်စခန်း၊ ကျောက်ကြီးစခန်းနဲ့ အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင်ရေးကျောင်း -တတက ၁၃တို့ကို ပိတ်ဆို့တိုက်ခိုက်နေကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က သတင်းထုတ်ပြန်ပါတယ်။အမှတ် ၁၃တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းကို ဝိုင်းရံပိတ်ဆို့ထားသည်မှာ ၃လနီးပါးကြာမြင့်လာပြီဖြစ်ပြီး ၇ မိုင်နှင့် ကျောက်ကြီးကိုလဲ အောင်မြင်စွာ သိမ်းပိုက်နိုင်ဖို့ မဟာမိတ်များနဲ့အတူ တိုက်ပွဲဝင်လျက်ရှိနေတယ်လို့ PLA က ဒီနေ့ နိုဝင်ဘာ ၁၃ရက် မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။

သပိတ်ကျင်းမြို့နယ် ​တွင်းငယ်ကျေးရွာ စစ်တပ်စခန်းကို သြဂုတ်လ ၁၇ ရက်၊ မနက် ၇ နာရီအချိန်မှာ တအာင်းတပ်မတော် TNLA နဲ့အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တို့က စတင်တိုက်ခိုက်ရာ ညနေ ၄ နာရီမှာ တွင်းငယ် တပ်စခန်းက စစ်ကောင်စီတပ်သားတွေဟာ တပ်ကိုစွန့်ခွာထွက်ပြေးသွားတဲ့အတွက် တွင်းငယ်ကျေးရွာတခုလုံးကို အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ပါတယ်။ဒါ့အပြင် မိုးမိတ်- တွင်းငယ် လမ်းတခုလုံးကိုလည်း TNLA၊ PLA နဲ့ အခြားမဟာမိတ်များ ထိမ်းချုပ်ထားပြီး မိုးကုတ်- သပိတ်ကျင်းလမ်းပိုင်းရှိ ခလရ ၁၄၈၊ ဖော့တောလမ်းဆုံ တို့ကို လည်း တော်လှန်ရေးတပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။တော်လှန်ရေးတပ်တွေဟာ ရှမ်းမန်းစစ်ဆင်ရေးအတွင်း မန္တလေးတိုင်းအတွင်းရှိ၊ မိုးကုတ်၊ စဉ့်ကူး၊ တကောင်းမြို့တွေကို သိမ်းပိုက်ထားပြီး သပိတ်ကျင်းမြို့နဲ့ မတ္တရာမြို့က စခန်းအများစုကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *