မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးတို့၌ တန်ဆောင်တိုင်ပွဲတော်များသို့ ဘုရားဖူးလာပြည်သူများ၊ ပါဝင်ဆင်နွှဲသူများ ဖြင့် စည်ကားလျက်ရှိ
နေပြည်တော် နိုဝင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းတည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ အနက်ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့်မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌တန်ဆောင် မုန်းလပြည့်ကျော်(၁)ရက် ဒီကနေ့တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ထို့ပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံ တော်အတွင်း၌လည်း LED မီးများဖြင့် အလှဆင်ပူဇော် ထားရှိသည့်အတွက် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် ဘုရား၊ စေတီ၊ ပုထိုးများ၏ သပ္ပာယ်မှုများနှင့် အံ့မခန်းဗိသုကာလက်ရာများကိုလည်း ဘုရားဖူးလာ ပြည်သူများအနေဖြင့် ဖူးမြော်ကြည်ညိုလေ့လာကြသည်။
ဆက်လက်၍ ကျောက်စာရုံစေတီတော်၊ မုစလိန္ဒကန်၊ နဂါးရုံဘုရားများ ၊ ဂန္ဓကုဋိ တိုက်များ၊ သုဓမ္မာဇရပ်များ၊ မာရဝိဇယကျောင်းတော်နှင့် အဂ္ဂါဓိပတိသာသနာ့ဗိမာန် တော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို လေ့လာကြသည် ဘုရားဖူးလာပြည်သူများနှင့် ရေပန်းရင်ပြင် နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေးနေရာများ၌လည်း မိသားစုလိုက် သော်လည်းကောင်း၊ မိတ်ဆွေသူ ငယ်ချင်းအစုအဖွဲ့လိုက်သော်လည်းကောင်း ပျော်ရွှင်စွာ အမှတ်တရ ဓာတ်ပုံရိုက်ကြသည့် ဘုရားဖူးလာ ပြည်သူများဖြင့်လည်း အထူးစည်ကား လျက်ရှိသည်။
အလားတူ ဘုရားဖူးလာ ပြည်သူများ ဒေသထွက်လက်ဆောင်အဖြစ် ဝယ်ယူနိုင်ရန် အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ မြန်မာ့ရိုးရာ အစားအစာအရောင်းဆိုင်များ ဖွင့်လှစ်၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ဘုရားဖူးပြည်သူများ စိတ်ဝင်တစားဖြင့် ကြိတ်ကြိတ်တိုး ဝယ်ယူလျက်ရှိကြသည့်အပြင် ဒေသထွက်မြန်မာ့ရိုးရာမုန့်ဆိုင်များ၌ လည်း မြန်မာမုန့်များအား ချစ်ခင်မြတ်နိုးစွာဖြင့် ဝယ်ယူအားပေးကြရာ ပစ္စည်းများပြတ်လပ်သည်အထိ ရောင်းချခဲ့ရသည်။
အလားတူ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ၊ တန်ဆောင်တိုင် ပွဲတော်နှင့် MSME ဈေးရောင်းပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာလှည်းယဉ်ကျော့ ၊ နွားလှည်းနှင့် နွားအလှပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဒီကနေ့ မှာ တပ်ကုန်းမြို့ မြို့နယ် ပြည်သူ့ အားကစားကွင်းမှာ ကျင်းပပြုလုပ်ရာ လာရောက်ကြည့်ရှု သူများဖြင့် စည်ကား လျက်ရှိသည်။
အလားတူ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးပြီး မြန်မာ့ရိုးရာ တန်ဆောင်တိုင်မီးထွန်းပွဲတော်မီးပုံးပျံလွှတ်တင်ပူဇော်ပွဲနှင့် MSME ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ(၁၅) ရက်နေ့ ညပိုင်းက ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော် မြတ်ကြီး ဘုရားလမ်း နဲ့ ယာဉ်ရပ်နားကွင်း တို့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြု လုပ်ရာတွင်လည်း လာရောက်လည်ပတ်ကြည့်ရှုသူများဖြင့် အထူး စည်ကားလျက်ရှိ သည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ကျင်းပပြုလုပ်တဲ့ (၂၀၂၄)ခုနှစ် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော် ဒုတိယနေ့ဖြစ်တဲ့ တန်ဆောင်မုန်းနေ့ လပြည့်နေ့ ညပိုင်းတွင် ပွဲတော်သို့ လာရော်ကလည်ပတ်ကြသူများဖြင့် အထူးစည်ကား ခဲ့ပါတယ်။ ဂီတပွဲတော်မှာဆိုရင်လည်း နာမည်ကျော်တေးသံရှင်များမှ ပါဝင်ဖျော်ဖြေ တင်ဆက်ကြပြီး တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ပါဝင် တင်ဆက်ကပြခဲ့ကြတာ ဖြစ်ပါတယ်။ ညပိုင်းမှာဆိုရင်လည်း ရောင်စုံမီးရှူးမီးပန်းများနှင့် မီးပုံးပျံများကို လွှတ်တင်ခဲ့ကြောင်း သတင်းရရှိသည်။