(၁၂-၁၁-၂၀၂၄ ရက်၊ ကွာလာလမ်ပူ)
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် Malaysia Gold Association ၏ ဥက္ကဋ္ဌနှင့် Public Gold ရွှေလုပ်ငန်း၏ ဥက္ကဋ္ဌဖြစ်သူ Dato Wira Louis Ng Chun Hau ၏ ဖိတ်ကြားချက်ဖြင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Menara Public Gold သို့ ၁၂-၁၁-၂၀၂၄ ရက်၊ နံနက်ပိုင်းတွင် သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။ ယင်းသို့သွားရောက်ခဲ့စဉ် သံအမတ်ကြီးမှ Public Gold အရောင်းပြခန်းရှိ Gold ATM Machine အပါအဝင် ရွှေတုံးရွှေခဲနှင့် အဖိုးတန်လက်ဝတ်ရတနာများ၊ Public Safe ရှိ ရွှေနှင့်အဖိုးတန်ပစ္စည်းများ လက်ခံသိမ်းဆည်းသည့် ဘဏ်တိုက်တို့သို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရှိရပါသည်။ ယင်းသို့တွေ့ဆုံ စဉ် သံအမတ်ကြီးနှင့် Dato Wira Louis Ng Chun Hau တို့မှ အမှတ်တရလက်ဆောင်များအပြန်အလှန် ပေးအပ်ခဲ့ကြပြီး မြန်မာနိုင်ငံနှင့်မလေးရှားနိုင်ငံတို့အကြား ရွှေလုပ်ငန်းတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်မည့် အခွင့်အလမ်းများအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။
*****************************