ylliX - Online Advertising Network

ကျောက်စိမ်း ရှယ်ယာဖြတ်သည် ဆိုကာ အကြီးအကျယ် လိမ်လည်နေ


လူမှုကွန်ရက် Facebook မှ တိက်ရိုက် Live လွှင့်၍ ကျောက်စိမ်း ရှယ်ယာဖြတ်သည်ဟု ဆိုကာ အကြီးအကျယ် လိမ်လည် နေသဖြင့် ကျောက်စိမ်း ဝါသနာရှင်များ အနေဖြင့် ငွေကြေးဆုံးရှုံးမှု မရှိစေရေး သတိပြုရန် လိုအပ်ကြောင်း မန္တလေးမြို့ အခြေစိုက် ဝါရင့် ကျောက်စိမ်းလောကသားများက ပြောသည်။

ယခု နိုဝင်ဘာလ အစပိုင်းမှစ၍ Facebook တွင် Page များစွာဖွင့်ကာ ၂၄ နာရီ တိုက်ရိုက် လွှင့်၍ ကျောက်စိမ်း ရှယ်ယာဖြတ်ရန် အစုများ ခေါ်ယူကြောင်း ရှယ်ယာထည့်မည် ဆိုပါက မက်စင်ဂျာမှ ဆက်သွယ်၍ Kpay နှင့် Wave Money ကောင့်များ ပေးပို့ ငွေလွှဲစေကြောင်း၊ ငွေလွှဲပြီးပါက Block လုပ်သွားကြောင်း ဝါရင့် ကျောက်စိမ်း ရောင်းဝယ်နေသူ တဦးက ဆိုသည်။

“Page တွေ အများကြီးဖွင့်ပြီးတော့ တိုက်ရိုက်လွှင့်တယ်၊ တိုက်ရိုက် ဖြတ်ပြမယ် ဆိုပြီးတော့ ရှယ်ယာခေါ်ပြီး လိမ်တာ။ သူတို့ ပြတဲ့ ကျောက်တွေက တန်ဖိုးကြီးကျောက် အစစ်တွေ။ အဖွဲ့လိုက် အုံနဲ့ကျင်းတဲ့ လိမ်နေတာ။ အွန်လိုင်က ဝယ်ပြီး ကံစမ်းတတ်တဲ့ ကျောက်စိမ်း ဝါသနာရှင်တွေ သတိထားကြပါ။ ကျောက်သမား စစ်စစ်တွေကတော့ လိမ်မှန်းသိတာပေါ့” ဟု ၎င်းကရှင်းပြသည်။

ယင်းသို့ လိမ်လည်နေမှုနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ စုံစမ်းရာ ကျောက်စိမ်းဖြတ်ရန် ရှယ်ရာထည့်မည်ဟု ကော့မန့်ပေးပါက မက်စင်ဂျာမှ ချက်ချင်း ဆက်သွယ်လာပြီး ငွေလွှဲရမည့် အကော့င့်များ ပေးပို့ကာ အမျိုးသမီး ပုံစံဖြင့် ရှယ်ယာ ထည့်ရန် ချိုသာစွာ ပြောဆိုပြီး ငွေမလွှဲပါက အမျိုးသား ပုံစံဖြင့် ရိုင်းစိုင်း ညစ်ညမ်းသည့် အသုံးအနှုန်းများဖြင့် ဆဲဆို၍ Block လုပ်သွားသည်ကို တွေ့ရသည်။

ထို့အပြင် ကျောက်စိမ်းဖြတ်သည့် တည်နေရာနှင့် ပတ်သက်၍ မေးမြန်းရာ မဟာအောင်မြ ကျောက်ဝိုင်းဟုသာ ပြောဆိုပြီး တည်နေရာ တိတိကျကျ ပြောဆိုနိုင်ခြင်း မရှိသည့်အပြင် မန္တလေးမြို့ပေါ် လမ်းမများအား သိရှိခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

လိမ်လည်သူများသည် Page အများအပြားမှ ပုံစံတူ တိုက်ရိုက် ထုတ်လွှင့်၍ ၄င်းတို့လူများကပင် ရှယ်ယာထည့်မည်ဟုဂပြောဆို၍ တခြားလူများ ရှယ်ယာထည့်စေရန် ဆွဲဆောင်နေသည်ကိုလည်း တွေ့ရသည်။

လိမ်လည်သူများ ပေးပို့သည့် ငွေလွှဲရမည့် အကောင့် တချို့မှာ kpay =UMyintAye
09786696528၊ wave pay =Zin Wai Phyo 09673590025၊ kpay =Phyo Ko Ko
09665268831၊ wave pay =Zue Zue Zin 09790688092၊ kpay =Sandar Moe 09793343324၊
wave pay =Nay Zar Tun ၊ 09769959620 စသည့်ဖြင့် အကောင့်များစွာ အသုံးပြု လိမ်လည်နေသဖြင့် ကျောက်စိမ်း ဝါသနာရှင်များ အနေဖြင့် လိမ်လည် မခံရစေရေး သတိပြုရန် လိုအပ်ကြောင်း ကျောက်စီမ်းလုပ်ငန်း လုပ်ကိုင်သူများက သတိပေးသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *