ylliX - Online Advertising Network

အာဆီယံနှင့် မိတ်ဆွေနိုင်ငံများ ဈေးရောင်းပွဲတော် (ASEAN & Friends Bazaar) သို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ ပါဝင်တက်ရောက်(၁၆-၁၁-၂၀၂၄ ရက်)


(၁၆-၁၁-၂၀၂၄ရက်၊ ဝါရှင်တန်ဒီစီ)

အာဆီယံနှင့် မိတ်ဆွေနိုင်ငံများ ဈေးရောင်းပွဲတော် (ASEAN & Friends Bazaar) ကို ၁၆-၁၁-၂၀၂၄ ရက်၊ ၁၂:၀၀ နာရီမှ ၁၇:၀၀ နာရီအထိ Fashion Centre at Pentagon City ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ ပါဝင်ခဲ့ပြီး၊ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးသက်ဝင်းနှင့် သံရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဈေးရောင်းပွဲတော်ကို အာဆီယံအမျိုးသမီး အသင်း (ASEAN Spouses’ Circle – ASC)၊ အာရှ – အမေရိကန် ကုန်သည်ကြီးများအသင်း (Asian American Chamber of Commerce – AACC) နှင့် Fashion Centre at Pentagon City တို့ ပူးတွဲ ကျင်းပခြင်းဖြစ်ပါသည်။ ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနား၌ အာဆီယံ အမျိုးသမီးအသင်းနှင့် အာရှ – အမေရိကန် ကုန်သည်ကြီးများအသင်းတို့၏ ဥက္ကဋ္ဌများက အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပါသည်။ ဈေးရောင်း ပွဲတော်၌ ပါဝင်သည့်သံရုံးများက ဧည့်သည်များအား ရိုးရာသီချင်းနှင့်အကများ အပါအဝင် အနုပညာ တင်ဆက်မှုများဖြင့် ဖျော်ဖြေခဲ့ကြပြီး၊ သက်ဆိုင်ရာနိုင်ငံများနှင့် ထုတ်ကုန်များအား မိတ်ဆက်သည့် ဗီဒီယိုများကိုလည်း ပြသခဲ့ပါသည်။ ဈေးရောင်ပွဲတော်၌ ပါဝင်သည့်သံရုံးများက ၎င်းတို့၏ လူသုံးကုန်ပစ္စည်းများကို ပြသရောင်းချ ခဲ့ကြသကဲ့သို့ သံရုံးအချို့ကလည်း ၎င်းတို့၏ လက်မှုအနုပညာပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ဈေးဝယ်စင်တာသို့ လာရောက်သူများအား ခင်းကျင်းပြသခဲ့ကြပါသည်။ မြန်မာသံရုံးအနေဖြင့်လည်း ဈေးရောင်းပွဲတော်၌ မြန်မာ့ယွန်းထည်၊ ရွှေချည်ထိုး၊ အခြားမြန်မာ့ရိုးရာလက်မှုပစ္စည်းများနှင့် ရှုခင်းသာဓာတ်ပုံများကို ပါဝင်ပြသခဲ့ပါသည်။

*********************************



Source link

Leave a Reply

Your email address will not be published. Required fields are marked *