ylliX - Online Advertising Network

အာဆီယံနိုင်ငံများနှင့် အိမ်ရှင်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့်နိုင်ရေးနှင့် စပ်လျဉ်း၍ အာဆီယံကိုင်ရိုကော်မတီ အစည်းအဝေးတွင် ဆွေးနွေး


အာဆီယံနိုင်ငံများနှင့် အိမ်ရှင်နိုင်ငံတို့အကြား ဆက်ဆံရေး တိုးမြှင့်နိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ အာဆီယံကိုင်ရိုကော်မတီ၏ (၂၇၅) ကြိမ်မြောက် အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အာဆီယံကိုင်ရိုကော်မတီ (ASEAN CAIRO COMMITTEE – ACC) ၏ (၂၇၅) ကြိမ်မြောက် သံရုံးအကြီးအကဲများ အစည်းအဝေးကို ကိုင်ရိုမြို့ရှိ Conrad Hotel ၌ နိုဝင်ဘာ (၁၈)ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်မှ အခြားသော အာဆီယံ သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် အာဆီယံကိုင်ရိုကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌ စင်ကာပူ သံအမတ်ကြီးမှ အစည်းအဝေးသဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ၂၀၂၄ ခုနှစ်အတွင်း အာဆီယံ ကိုင်ရိုကော်မတီ၏ လှုပ်ရှားဆောင်ရွက်ခဲ့သည့် အစီအစဉ်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ အပါအဝင် အာဆီယံနိုင်ငံများနှင့် အိမ်ရှင်နိုင်ငံတို့အကြား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်မည့် နည်းလမ်းတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *