ylliX - Online Advertising Network

MNDAA ခေါင်းဆောင်ကို ဖမ်းဆီးထားတာမဟုတ်ဘဲ ဆေးကုသနေတာလို့ တရုတ် ဖြေရှင်း၊လားရှိုးမြို့ပြန်လည်ထူထောင်ရေးလူထုတွေ့ဆုံပွဲလုပ်ခဲ့ကြောင်း MNDAA ထုတ်ပြန်


မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် MNDAA ခေါင်းဆောင်ဖုန်တာရွှင်ကို ဖမ်းဆီးထိန်းသိမ်းထားတာမဟုတ်ဘဲ တရုတ်-မြန်မာနယ်စပ် ယူနန်မှာ ဆေးကုသမှုခံယူနေခြင်းသာဖြစ်တယ်လို့ တရုတ်ဘက်က ဖြေရှင်းလာပါတယ်။နိုဝင်ဘာ ၁၈ရက်မှာ Myanmae Now သတင်းဌာနက ကိုးကန့်ခေါင်းဆောင်ကို တရုတ်အစိုးရက အကျယ်ချုပ်ထိန်းသိမ်းထားကြောင်း ဖော်ပြခဲ့ပြီးနောက် မနေ့က နိုဝင်ဘာ ၁၉ရက်မှာ ပေကျင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်ဘက်က ဖြေရှင်းပြောဆိုလာတာဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရအရာရှိ Lin Jian က MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို အကျယ်ချုပ်ထိန်းသိမ်းလိုက်သည်ဆိုသည်မှာ မဟုတ်မမှန်ကြောင်း ငြင်းဆိုလိုက်ပြီး ဆေးကုသခွင့်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် တရုတ်ဘက်သို့လာရောက်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ပြန်လည်သက်သာလာပြီဖြစ်ကြောင်း ပြောပါတယ်။တရုတ်နိုင်ငံဟာ စစ်ကောင်စီကို ပြတ်ပြတ်သားသားထောက်ရပ်တည်ကြောင်း နိုဝင်ဘာလဆန်းပိုင်းက မဲခေါင်နိုင်ငံများ အစည်းအဝေး တက်ရောက်စဉ်အတွင်း ပြောဆိုလိုက်တယ်လို့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြုလုပ်တဲ့ နေပြည်တော် အကြမ်းဖက်စစ်ကောင်စီ အစည်းအဝေးမှာ ထုတ်ပြောလာပါတယ်။

စစ်ကောင်စီဟာ ၎င်းတို့ကို အကြီးအကျယ်အထိနာစေတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA က သိမ်းပိုက်လိုက်မှုအပေါ်လားရှိုးကနေ MNDAA တပ်တွေ ပြန်လည်ဆုတ်ခွာပေးဖို့ စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ တရုတ်ဘက်က MNDAA ခေါင်းဆောင်တွေကို ဖိအားပေးမှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။MNDAA ခေါင်းဆောင်ဖုန်တာရွှင်က လားရှိုးမြို့ကနေ ၎င်းတို့ရဲ့တပ်တွေကို ပြန်ဆုတ်မပေးဖို့ညွှန်ကြားထားကြောင်း သတင်းတွေအရ သိရပါတယ်။

နိုဝင်ဘာ ၁၈ရက်မှာပဲ လားရှိုးမြို့မှာ MNDAA ရဲ့ လားရှိုးဧရိယာစစ်ရေး အုပ်ချုပ်မှုကော်မတီက လူထုဘေးကင်းရေး၊ လုံခြုံရေးဆိုင်ရာများနဲ့ မူဝါဒရေးရာများကို လူထုနဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။လားရှိုးမြို့ကိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန် အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီရဲ့ သိန္နိဋ္ဌာန်ကို အလေးထားပြီး လားရှိုးမြို့ကို ပြန်လည်တည်ဆောက်ရေးမှာ ပြည်သူများတက်ကြွစွာ ပါဝင်ဆောင် ရွက်ကာ သာယာလှပသော အမိမြေကိုအတူတကွ တည်ဆောက်ကြဖို့ မျှော်လင့်ကြောင်း MNDAA က ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ “ရန်နိုင်မင်းစစ်ဆင်ရေး”အမည်ခံကာ လားရှိုးမြို့အပါအဝင် ၎င်းတို့လက်လွှတ်ခဲ့ရတဲ့ ဒေသတွေရှိ ပြည်သူနေရာတွေကို ဗုံးကြဲခဲ့လို့ အသက်အိုးအိမ်စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးရလျက်ရှိပါတယ်။တရုတ်အနေနဲ့ စစ်ကောင်စီကို ပူးပေါင်းပြီး တော်လှန်ရေးအင်အားစုတွေကို ဖိအားပေးနေတာဟာ တရုတ်နိုင်ငံကို မြန်မာပြည်သူတွေရဲ့ အထင်အမြင်လွဲမှားမှုနဲ့ အမုန်းပွားမှုတွေဖြစ်လာမှာကို စိုးရိမ်မိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပြောဆိုထားပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *