ylliX - Online Advertising Network

Fact Check: တရုတ်က တိုင်းရင်းသားလက်နက်ကိုင်တွေကို တောင်းပန်ပြီး နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်လိုက်တယ်ဆိုတဲ့ သတင်းတု


မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ(EAOs)ကို တရုတ်က တောင်းပန်လိုက်ပြီး နယ်စပ်ဂိတ်တွေကိုလည်း ပြန်လည်ဖွင့်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။ 

နိုဝင်ဘာ ၁၅ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ ၄ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၇၀၀၀၀  ကျော်ရရှိထားတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ 

“မင်းအောင်လှိုင် ဘေးဖယ်ခံနေရပြီ

EAOS တွေကို တရုတ်တောင်းပန်ပြီး နယ်စပ်ဂိတ်တွေ ပြန်ဖွင့်၊ စစ်ကောင်စီ ဒေါပွနေရပြီ”

C:\Users\User\Downloads\Firefox_Screenshot_2024-11-20T05-09-15.363Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

“Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်မီဒီယာကို တုပထားတဲ့ ယူကျူ့ချန်နယ်တခုဖြစ်တာတွေ့ရပြီး ဒီချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတချို့ကို ခေါင်းစဉ်လွဲသို့မဟုတ် သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုပုံစံနဲ့ ပြန်လည်ဖြန့်ချိနေတာ တွေ့ရပါတယ်။

အခုလည်း ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာ “မြန်မာလက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်ညှိနှိုင်းပြီး နယ်စပ်ဂိတ်တချို့ပြန်ဖွင့်လို”ဆိုတဲ့ သတင်းကို ပြန်လည်မျှဝေထားတာဖြစ်တယ်။ ဒီသတင်းထဲမှာ နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်လိုက်ပြီဆိုတဲ့အကြောင်း မပါဝင်ပါဘူး။ လက်ရှိအချိန်အထိလည်း တရုတ်ဘက်က နယ်စပ်ဂိတ်တွေ ပြန်လည် ဖွင့်လှစ်လိုက်တယ်ဆိုတဲ့ ယုံကြည်ရ‌လောက်တဲ့ အထောက်အထားမတွေ့ရပါဘူး။

C:\Users\User\Downloads\Untitled1.jpg

ဒီအပြင် တရုတ်ဟာ အာဏာသိမ်းစစ်တပ်ဘက်ကို သိသိသာသာယိမ်းပြီး ထိတွေ့ဆက်ဆံမှုတွေ ဆက်လိုက်လုပ်လာခဲ့တာတွေ့ရပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို စစ်ကောင်စီတပ်တွေကို ထိုးစစ်မဆင်ဖို့ ဖိအားပေးနေတာတွေ့ရပါတယ်။ နောက်ဆုံးမှာတော့ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ် တခု ကျဆုံးအောင် တိုက်ခိုက်ခဲ့တဲ့ MNDAA ခေါင်းဆောင်ကို တရုတ်က ဖမ်းဆီးလိုက်ပါတယ်။

သုံးသပ်ချက်

“Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတခုရဲ့ နာမည်ကို တုပထားတဲ့ ချန်နယ်တခုဖြစ်ပြီး သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိနေခြင်းဖြစ်တယ်။ တကယ်တမ်းမှာ တရုတ်ဟာ အာဏာသိမ်းစစ်တပ်ဘက်ကို သိသိသာသာယိမ်းပြီး နယ်စပ်ဒေသအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို မြန်မာစစ်တပ်ကို တိုက်ခိုက်တာရပ်တန့်ဖို့ ကြာလရှည်ကြာဖိအားပေးနေပြီး နယ်စပ်ဂိတ်တွေကိုလည်း ဆက်လက်ပိတ်ထားပါတယ်။

ပြောဆိုချက်- တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ(EAOs)ကို တရုတ်က တောင်းပန်လိုက်ပြီး နယ်စပ်ဂိတ်တွေကိုလည်း ပြန်လည်ဖွင့်ပေး

Avatar

Title:Fact Check: တရုတ်က တိုင်းရင်းသားလက်နက်ကိုင်တွေကို တောင်းပန်ပြီး နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်လိုက်တယ်ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False



Source link

Leave a Reply

Your email address will not be published. Required fields are marked *