ylliX - Online Advertising Network

ကြက်သားပဲရည်သုပ်


 

ဒီနေ့တော့ စိတ်ထဲမှာ စားချင်စိတ် ပေါ််လာတာနဲ့ ကြက်သား ပဲရည်သုပ်လေး သုပ်စားဖြစ်ပါတယ်  မိသားစု အားလပ်ရက်လေးမှာ သုပ်စားနိုင်အောင် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ 
  1. ကြက်သား – 500 g
  2. ပဲအစိမ်းမှုန့် – ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ကြက်သွန်နီ – အလုံးကြီးကြီး တစ်လုံး
  4. ကြက်သွန်ဖြူ  – အမွှာကြီးကြီး သုံးမွှာ
  5. ချင်း – ခပ်ပါးပါး သုံးပြား
  6. ငရုတ်သီး အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဆီသတ်ရန်)
  7. အာလူး – ခပ်ကြီးကြီး နှစ်လုံး
  8. ငါးငံပြာရည် – ထမင်းစားဇွန်း နှစ်ဇွန်း
  9. ဆား – လိုသလောက် သုံးပေးပါ
  10. မဆလာ – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. နနွင်းမှုန့် – လိုသလေုာက် သုံးပေးပါ
  12. အရသာမှုန့် – လိုသလောက် သုံးပေးပါ
  13. ဆီ – ထမင်းစားဇွန်း လေးဇွန်း 
  14. ဂေါ်ဖီ – အနေတော် တစ်ခြမ်း
  15. ငရုတ်သီးစိမ်း – နှစ်သက်သလောက်
  16. ငရုတ်သီး အကျက်မှုန့် – လိုသလောက် သုံးပေးပါ
  17. သံပုရာသီး – နှစ်လုံး
  18. ပူစီနံ – မိမိနှစ်သလောက်
  19. နံနံပင် – နှစ်သက်သလောက်
  20. ပျဥ်းသိမ်းရွက် – အနေတော် နှစ်ခက်
  21. ရေ – လိုသလောက် သုံးပေးပါ
ကြက်သားပြုပ်ရန်
  • ကြက်သားကို ရေစင်အောင် ဆေးကာ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နဲ့ နယ်ထားပါ
  • အိုးတစ်လုံးထဲမှာ ရေ တရုတ်ဟင်းပြင်ပန်းကန် သုံးလုံးစာနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေပါ
  • ရေဆူလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကိုထည့်ကာ မိနစ်သုံးဆယ်လောက် ပြုပ်ပေးပါ
  • ကြက်သားများ ကျက်တာနဲ့ ဆယ်ပြီးရေစစ်ထားပါ
  • ကြက်ပြုပ်ရည်ကိုတော့ ပဲမှုန့်ကျိူရမှာ ပြန်သုံးမှာ ဖြစ်တဲ့အ့အက် အအေးခံထားပါ။

ပဲဟင်းရည်အတွက် ပါ၀င်ပစ္စည်းမျာ
  1. ကုလားပဲ အစိမ်းမှုန့် – ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  2. ဆီ – ထမင်းစားဇွန်း လေးဇွန်း (ပဲရည်အိုးထဲထည့်ဖို့ ဆီသတ်ရန်)
  3. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဆီသတ်ရန်)
  4. ကြက်သွန်နီ – အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ  – အမွှာကြီးကြီး သုံးမွှာ
  6. ငရုတ်သီး အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆား – လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  8. အရသာမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ရေ – တရုတ်ဟင်းပြင်ပန်းကန် နှစ်လုံးသာသာ
ပဲဟင်းရည်ချက်ရန် ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ကုလားပဲ အစိမ်းမှုန့်ကို ရေ ထမင်းပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူးသာသာထည့်ပြီး ပဲမှုန့်များ ကျေသွားအောင် ချေထားပေးပါ
  • ချင်း ကြက်သွန်ဖြူ  နှင့် ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ရောပြီးထောင်းထားပါ
  • ပျဥ်းတော်သိမ်းရွက်ကို ရေဆေးထားပါ
  • ဆား ရေ ဆီ နနွင်းမှုန့်နှင့် အရသာမှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ ထည့်ပေးပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းနှင့်  ပျဥ်းတော်သိမ်းရွက်ကို ထဲ့ကြော်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့လေး မွှေးလာတာနဲ့ မီးပိတ်ပေးပြီး မီးဖိုပေါ်က ဖယ်ပေးထားပါ
  • ဇောက်နက်သော အိုးထဲမှာ အရည်ဖျော်ထားသော ပဲအရည်များကို ထည့်ပေးပြီး မီးဖိုပေါ် တင်ပေးပါ
  • ပဲအရည်များ အိုးမကပ်စေရန် အဆက်မပြတ် မွှေပေးပါ
  • ပဲရည်များ ပြစ်လာပြီး ပဲစိမ်းနံ့ ပျောက်လာပါက အအေးခံထားသော ကြက်ပြုပ်ရည်ကို နဲနဲချင်း ထည့်မွှေပေးပါ
  • ပဲရည်အပျစ်အကျဲကို မိမိစိတ်ကြိုက် အနေအထား ရလာအောင် ထည့်မွှေပေးပါ
  •  မိမိ စိတ်ကြိုက် ပဲရည် အပျစ်အကျဲ ရလာပါက ဆီသတ်ထားသော ငရုတ်သီး ဆားနှင့် အရသာမှုန့်တို့ ထည့်မွှေပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာပါက ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ မီးခပ်နွေးနွေးလေးနဲ့ မီးဖိုပေါ်မှာ ပဲဟင်းရည်အိုးကို တင်ထားပေးပါ။

အာလူးပြုပ်ရန်
  • အာလူးကို ရေဆေးပြီး အိုးထဲမှာ ထည့်ကာ ရေမြုပ်အောင်ထည့်ပြီး အာလူးနူးတဲ့အထိ ပြုပ်ပေးပါ

ကြက်သားပဲရည် အသုပ် သုပ်ရန်
  1. ကြက်သားများကို အရိုးများဖယ်ပြီး ကပ်ကျေးဖြင့် ခပ်ထူထူလေးတွေ ညှပ်ထားပါ (သို့မဟုတ်)
  2. အရိုးနှင့်အသား တွဲလျှက် စားချင်ပါက အနေတော် အတုံးလေးတွေ တုံးထားပါ
  3. ချက်ထားသော ပဲဟင်းရည်ကို ပြင်ထားပါ
  4. အာလူးကို အခွံခွာပြီး ရေဆေးကာမထူမပါးလေးတွေ လှီးထားပါ
  5. နံနံပင်ကို ရေဆေးကာ ပါးပါးရိတ်ရိတ်လေးတွေ လှီးထားပါ
  6. ဂေါ်ဖီကို ခပ်ပါးပါး လှီးပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  7. ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  8. ပူစီနံကို ရေဆေးပြီး ရေစစ်ထားပါ
  9. ငရုတ်သီး အလှော်မှုန့်ကို ပြင်ထားပါ
  10. သံပုရာသီးကို ရေဆေးကာ အစိတ်တွေ စိတ်ထားပါ
တစ်ပွဲစာအတွက် ပြင်ဆင်ပုံ
  1. ပန်းကန်တစ်ခုထဲမှာ ကြက်သား ဂေါ်ဖီ အနည်းငယ် နံနံပင် အနည်းငယ် အာလူး အနည်းငယ် ငရုတ်သီးစိမ်း အနည်းငယ် ပူစီနံ အနည်းငယ်နှင့် ငရုတ်သီး အလှောမှုုန့်တို့ို့ည့်ပေးပါ
  2. ပြီးတာနဲ့ သံပုရာသီး တစ်စိတ်ရဲ့ အရည်ကိုညှစ်ကာ ပဲဟင်းရည်ကို မိမိနှစ်သက်သလောက် ဆမ်းပေးပြီး အရသာ အပေါ့အငံကို လိုသလိုပြင်ပေးပြီး ပလာတာ ပဲရည်သုပ်ကို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။



Source link

Leave a Reply

Your email address will not be published. Required fields are marked *