ylliX - Online Advertising Network

ပဲသီးကြော်


 

မာမာ ဒီနေ့တော့ သတ်သတ်လွတ် စားတဲ့နေ့ ဖြစ်တဲ့အတွက် ပဲသီးကို သတ်သတ်လွတ်လေး ကြော်ပါတယ်။ 
ကြော်ရတာ အရမ်းမြန်ပြီး စားလို့လဲ အရမ်းကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ပဲသီးကြော် ကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

 ပါ၀င်ပစ္စည်းများ
  1. ပဲသီး – ၁၈ တောင့်ခန့်
  2. ကြက်သွန်နီ – အနေတော် တစ်ဥ
  3. အရသာမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆီ – ထမင်းစားဇွန်း လေးဇွန်းခန့်
  6. နနွင်းမှုန့်. – လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • ပဲသီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အောက်ခြေမကပ်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
  • ဆီပူလာပါက ကြက်သွန်နီကို ထည့်ပြီး မွှေးလာအောင် ကြော်ပေးပါ
  • ကြက်သွန်ကြော်နံ့ မွှေးလာတာနဲ့ ပဲသီး များကို ထည့်ပေးကာ  ကြော်ပေးပါ
  • အားလုံး သမသွားတာနဲ့ ဆားနှင့် အရသာမှုန့် တို့ကိုထည့်ပြီး လေးမိနစ်လောက် ကြော်ပေးပါ
  • အားလုံး အရသာ သမသွားပြီ ဆိုတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာကို လိုသလို ပြင်ပေးပြီးပါက ပဲသီးကြော် မွှေးမွှေး စိမ့်စိမ့်လေး ရပါပြီ။



Source link

Leave a Reply

Your email address will not be published. Required fields are marked *