(၂၀-၁၁-၂၀၂၄ ရက်၊ ပေကျင်း)
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်တွင် ဟဲနန်ပြည်နယ်၊ ကျန်းကျိုးမြို့၌ ဖိလစ်ပိုင်နိုင်ငံသံရုံးက ကြီးမှူးကျင်းပသည့် အာဆီယံကော်မတီ၊ ပေကျင်းမြို့ (ASEAN Committee in Beijing – ACB) သံရုံးအကြီးအကဲများ၏ ၂၀၂၄ ခုနှစ်အတွက် ဒုတိယကြိမ်မြောက် အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျတာဝန် လွှဲပြောင်းသည့် အခမ်းအနားသို့ ပေကျင်းမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီး များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးအတွင်း တက်ရောက်လာသော သံအမတ်ကြီးများ၊ ကိုယ်စားလှယ်များက ၁၈-၇-၂၀၂၄ ရက်တွင် မြန်မာနိုင်ငံမှ ကြီးမှူးကျင်းပခဲ့သည့် ပေကျင်းမြို့၊ အာဆီယံကော်မတီ (ACB) ၏ အစည်းအဝေးမှတ်တမ်း (Summary Record) အား အတည်ပြုခဲ့ကာ အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ သက်ဆိုင်ရာအာဆီယံနိုင်ငံများ နှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအား ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့နောက် ပေကျင်းမြို့၊ အာဆီယံကော်မတီ (ACB) ၏ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ (၆) လတာ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mr. Somphone Sichaleune မှ စင်ကာပူသံအမတ်ကြီး H.E. Mr. Peter Tan ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
*************************************