ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က နာမည်ကျော် ရေကျော်ပွဲဈေးမြင်ကွင်းဖြစ်ပါတယ်။ ကိုဗစ် ၁၉ ကမ္ဘာ့ကူးစက်ကပ်ကြီး ဖြစ်ပွားတဲ့ ၂၀၂၀ ကစလို့ နောက် စစ်အာဏာသိမ်းကာလတလျှောက် ၄ နှစ်တိုင်မကျင်းပခဲ့ပဲ အခု ၂၀၂၄ မှာမှ ပြန်ကျင်းပတာပါ။ အမျိုးသားနေ့ကျရောက်ချိန်ကာလလည်းဖြစ်ပြီး အခုပွဲတော်ကို အမျိုးသားအောင်ပွဲနေ့ပွဲတော်အဖြစ် ကြော်ငြာကျင်းပနေပါတယ်။ အခုလို တိုင်းပြည်မှာ စစ်ရေးပဋိပက္ခအရှိန်မြင့်နေချိန် အရင်က ပျော်ရွှင်ဖွယ်ဈေးပွဲတော်ကျင်းပတာဟာ တိုင်းပြည်က နဂိုအချိန်လို ပြန်အေးချမ်းနေပြီဆိုတာ ပြသချင်တဲ့သဘောဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။