ylliX - Online Advertising Network

စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရန်ကုန်မြို့မှ ဆန်နှင့် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်များနှင့် တည်ဆောက်ရေးပစ္စည်းများ ဆက်လက်ရောက်ရှိ


ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရန်ကုန်မြို့မှ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ တည်ဆောက်ရေးပစ္စည်းများ ယနေ့ နိုဝင်ဘာ (၂၃)ရက်က ရောက်ရှိလာရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ အမ်ဗွီအောင်ရတနာသင်္ဘောတွင် ဆန်နှင့်စားသုံးကုန်ပစ္စည်းများ စုစုပေါင်း (၇၀၇) တန် တင်ဆောင်၍လည်းကောင်း၊ အမ်ဗွီရွှေသုဝဏ်သင်္ဘောတွင် ဆန်နှင့် အခြေခံ စားသောက်ကုန်များ စုစုပေါင်း (၆၁၄) တန် တင်ဆောင်၍ ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါ သင်္ဘောများမှ ကုန်ပစ္စည်းများအား ကုန်တင်ကုန်ချပြုလုပ်နေမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကုန်ပစ္စည်းများအား စနစ်တကျ အတင်အချပြုလုပ်နိုင်ရေး၊ ဈေးကွက်အတွင်း အမြန်ဆုံးဖြန့်ဖြူးရောင်းချရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရန်တို့ကို မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိင်းပေးခဲ့ကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *