လူငယ်တော်တော်များများမှာ အနာဂတ်နဲ့ ပတ်သက်ပြီး ကြီးမားတဲ့ စိတ်ကူးအိပ်မက်တွေ ရှိကြစမြဲပါ။ အနာဂတ်အတွက် အိပ်မက်တွေ ကိုယ်စီ ရှိကြပေမယ့် အနာဂတ် စိတ်ကူးအိပ်မက်တွေကို အတိအကျ ပုံဖော်နိုင်တဲ့သူ အနာဂတ်ကာလမှာ သက်တောင့်သက်သာ ဖြတ်သန်းချင်တဲ့ စိတ်ကူးကို လက်တွေ့ အကောင်အထည်ဖော်နိုင်သူတွေကတော့ ခပ်ရှားရှားပါ။
စိတ်ကူးထားတဲ့ အနာဂတ်အတိုင်း အကောင်းဆုံး ပုံဖော်နိုင်စေဖို့ နဲ့ အနာဂတ်ကာလမှာ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်မိပြီး စိတ်ကေနပ်မှုအပြည့်နဲ့ အနာဂတ်ကာလကို ဖြတ်သန်းဖို့ဆိုရင် လက်ရှိမှာ စတင် အကောင်အတည်ဖော်သင့်တဲ့ အလေ့အထလေးတွေ ရှိနေပါတယ်။ ဓီအလေ့အထလေးတွေကို သိရှိ ကျင့်သုံးနိုင်စေဖို့အတွက် မျှဝေပေးလိုက်ပါတယ်။
အရွယ်ရလာချိန်မှာ သက်တောင့်သက်သာ နေထိုင်နိုင်ဖို့ မွေးမြူသင့်တဲ့ အလေ့အထကောင်းလေးများ
အရွယ်ရလာချိန်မှာ သက်တောင့်သက်သာ နေထိုင်နိုင်ဖို့ မွေးမြူသင့်တဲ့ အလေ့အထကောင်းလေးများ ကတော့ –
- ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်တာ
လူတစ်ယောက်က စိတ်ရောကိုယ်ပါ ကျန်းမာနေမှ အနာဂတ်မှာ ကောင်းမွန်တဲ့ အခိုက်အတန့်တွေကို ပိုင်ဆိုင်နိုင်မှာပါ။ ဒါကြောင့် လက်ရှိမှာ အနာဂတ်အတွက် ကြိုးပမ်းနေတယ်ဆိုပေမယ့်လည်း ကျန်းမာရေးကစလို့ အစစ အရာရာကို သေချာလေး ဂရုစိုက်ဖို့ကိုလည်း မေ့ထားလို့ မရပါဘူး။ လမ်းတဝက်မှာ မကျန်းမာလို့ အနာဂတ်ကို စိတ်တိုင်းကျ ပုံမဖော်လိုက်ရတာမျိုးတွေဖြစ်လာနိုင်သလို စိတ်ကူးတွေကိုပုံဖော်နိုင်ချိန်မှာ အသီးအပွင့်တွေကို မခံစားလိုက်ရတာမျိုး ဖြစ်လာတာတွေ ဖြစ်နိုင်တာကြောင့် လက်ရှိကစပြီး ကိုယ်တိုင်ရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာရေးကို သေချာလေး ဂရုစိုက်ပေးပါ။
- ဖြစ်နိုင်ခြေရှိတဲ့ ပန်းတိုင်တွေ ချမှတ်ပါ
အောင်မြင်မှုဆီရောက်နိုင်စေဖို့ဆိုရင် သေချာပေါက် အောင်မြင်အောင် လုပ်ဆောင်နိုင်မယ့် ပန်းတိုင်လေးတွေကို ချမှတ်ရပါမယ်။ မဖြစ်နိုင်ဘဲ အလှမ်းကျယ်တဲ့ ပန်းတိုင်တွေကို ချမှတ်တာက စိတ်ဓာတ်ပျက်ပြားစေပြီး အောင်မြင်မှုဆီရောက်ဖို့ အားပြတ်သွားတတ်လို့ပါ။ ဒါကြောင့် ဖြစ်နိုင်ခြေရှိတဲ့ ပန်းတိုင်လေးတွေကို သေချာလေး ချမှတ်ရင်း ရှေ့ဆက်ပါ။
- အမှားကို လက်ခံရင်း သင်ခန်းစာ ယူပါ
လူတိုင်းကတော့ အမှားနဲ့ မကင်းပါဘူး။ အမှားတွေ ဖြစ်တိုင်း စိတ်ဓာတ်ကျတာမျိုးတွေ မဖြစ်ဘဲ နောက်တစ်ကြိမ်မှာ ထပ်တူညီတဲ့ မှားယွင်းမှုတွေ မဖြစ်စေဖို့ အမှားတွေကို သင်ခန်းစာယူရင်း အရည်အသွေးတွေကို မြှင့်တင်လိုက်ပါ။ ဒီလို လုပ်ဆောင်တာက ကိုယ်တိုင်ရဲ့ အရည်အချင်းတွေကို တိုးတက်စေသလို အောင်မြင်မှုဆီကို ရောက်ရှိစေဖို့လည်း ခွန်အားတွေ ရစေမှာပါ။ အမှားတွေနဲ့ ကြုံရတဲ့ခါ လက်လွှတ် အရှုံးမပေးဖို့တော့ လိုတာပေါ့။
- ကျေးဇူးတင်တတ်တဲ့ အလေ့အထလေး မွေးမြူပါ
အသေးစား ကူညီမှုလေးတွေ ကူညီပေးတဲ့ သူတွေကစလို့ ကိုယ့်ကို ဂရုစိုက်ပေး ချစ်ပေးတဲ့သူတွေအထိ အားလုံးကို ကျေးဇူးတင်တတ်တဲ့ စိတ်လေးထားဖို့နဲ့ အကူအညီ တစ်ခုခု ရတိုင်းမှာ သေချာလေး ကျေးဇူးတင် စကား ပြောဆိုဖို့ မမေ့ပါနဲ့။
ကျေးဇူးပါလို့ ပြောတတ်တဲ့ အလေ့အကျင့်လေး မရှိသေးဘူးဆိုရင်တော့ အခုကစပြီး မွေးမြူလိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေ။
- စာပုံမှန် ဖတ်ပါ
စာတွေဖတ်တာက ဦးနှောက်ကို အာဟာရ ဖြည့်ပေးရာ ရောက်သလို စိတ်ရောကိုယ်ပါကျန်းမာစေပြီး ဗဟုသုတပြည့်ဝစွာနဲ့ အနာဂတ်ကို ပုံဖော်နိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်ကို အနည်းဆုံး ၁၅ မိနစ်ကနေ နာရီဝက်လောက် ဗဟုသုတဖြစ်စေနိုင်မယ့် စာပေတွေကို ဖတ်ရှု့တတ်တဲ့ အလေ့အထလေးကို မွေးမြူလိုက်ပါ။
- ကြင်နာတတ်တဲ့ စိတ်လေး မွေးပါ
နေ့စဉ်တိုင်းမှာ တွေ့ဆုံရတဲ့သူတိုင်းနဲ့ တွေ့ကြုံရတဲ့ အခြေအနေတိုင်းကို ကြင်နာစိတ်လေးနဲ့ ကြည့်မြင် ဆက်ဆံတတ်တဲ့ အလေ့အထလေးကို မွေးမြူပါ။ ကြင်နာသနားတတ်တာက လူချစ်လူခင်ပေါများပြီး လူဝင်ဆံ့စေသလို အရာရာကို အောင်မြင်စေနိုင်မယ့် နည်းလမ်းလေး တစ်ခုပါ။
- ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံပါ
အနာဂတ်မှာ ကောင်းမွန်ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်စေဖို့ဆိုရင် စီးပွားရေးတွေနဲ့ ပိုင်ဆိုင်မှုတွေမှာ ရင်းနှီးမြှုပ်နှံတာတွေ အပြင် ကောင်းမွန်တဲ့ အနာဂတ်ကို ဖော်ဆောင်ရာမှာ အရေးအပါဆုံး အရာဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံတာမျိုး လုပ်ဖို့လည်း မမေ့ပါနဲ့။
ကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုပြောတဲ့အလေ့အထလေးတွေကို နေ့စဉ်ဘဝမှာ ဂရုစိုက် ကျင့်သုံးကြဖို့ တိုက်တွန်းချင်ပါတယ်။
The post အရွယ်ရလာချိန်မှာ သက်တောင့်သက်သာ နေထိုင်နိုင်ဖို့ မွေးမြူသင့်တဲ့ အလေ့အထကောင်းလေးများ appeared first on LOTOSHINN.