ylliX - Online Advertising Network

ဆန္ဒပြပွဲတွေ ကျင်းပမယ့် ပါကစ္စတန်မှာ မိုဘိုင်းနဲ့ အင်တာနက် ဆက်သွယ်မှုတွေ အစိုးရဖြတ်တောက်



အကျဉ်းကျနေတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan ကို ထောက်ခံသူတွေ အစ္စလာမာဘတ်မြို့တော်မှာ ဆန္ဒပြဖို့ စီစဉ်နေချိန်မှာပဲ လုံခြုံရေး စိုးရိမ်ရတဲ့နေရတွေလို့ဆိုတဲ့ နယ်မြေတွေမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် ဆက်သွယ်မှုတွေကို ဖြတ်တောက်လိုက်ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ အသုံးပြုခွင့် တားမြစ်ထားတဲ့ X လူမှုကွန်ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အစိုးရနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ကြေညာချက်မှာတော့ တားမြစ်လိုက်တဲ့ နေရာတွေကို ဖော်ပြမထားသလို၊ ဘယ်လောက်ကြာကြာ ဖြတ်တောက်မယ်ဆိုတာလည်း မပြောပါဘူး။

နိုင်ငံတွင်းက ကျန်နေရာတွေမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက်ကို ပုံမှန်အတိုင်း အသုံးပြုနိုင်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ တချိန်တည်းမှာပဲ တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Nayatel ကတော့ မိုဘိုင်းဖုန်း ဆက်သွယ်မှုတွေ ဖြတ်တောက်ခံရတဲ့ နယ်မြေတွေမှာ ရိုးရိုးဖုန်းလိုင်းတွေကို အသုံးပြု ဆက်သွယ်နိုင်ကြောင်း ဝန်ဆောင်မှု အသုံးပြုသူတွေကို အီးမေးလ်နဲ့ အကြောင်းကြား ထားပါတယ်။

ဝန်ကြီးချုပ်ဟောင်း Khan ကို ဖမ်းဆီးထားတာ ၁ နှစ်ကျော်ရှိနေပြီး၊ ရာဇဝတ်ကြောင်းနဲ့ တရားစွဲထားတဲ့ အမှုပေါင်း ၁၅၀ ကျော်နဲ့လည်း ရင်ဆိုင်နေရတာပါ။ ဒါပေမဲ့လည်း ဝန်ကြီးချုပ်ဟောင်းဟာ ပါကစ္စတန်နိုင်ငံမှာ ဆက်လက် လူကြိုက်များနေဆဲဖြစ်ပြီး သူ့အပေါ် စွဲဆိုထားတဲ့အမှုတွေဟာ နိုင်ငံရေးအရ တမင်သက်သက်လုပ်တာလို့လည်း သူ့ရဲ့ ပါတီ PTI က ပြောဆိုထားပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *