ylliX - Online Advertising Network

စိတ္ဝင္စားစရာ မာမာရဲ႔ ဝါသနာမ်ား: ဗယာကြော်


 

ဒီနေ့တော့ နွေရာသီရဲ့ အပူရှိန်ကို အံတုရင်း ငါ့၀မ်းပူဆာ မနေသာဆိုတဲ့အတိုင်း ၀မ်းတထွာလေးကိုဖြည့်ဖို့ အတွက် ချက်ရပြုပ်ရပါအုံးမယ်။

ဒါကြောင့်မို့လို့ အလုပ်ရှုတ်တယ် ထင်ရပေမဲ့ အရမ်းကြိုက်တဲ့ ဗယာကြော်လေး ကြော်စားဖြစ်ပါတယ် ပြင်ရဆင်ရတာ မဆိုသလောက်လေး အလုပ်ပိုပေမဲ့ ကြော်ပြီးတဲ့အခါ စားလို့ကောင်းတော့ အမောလေးတော့ ပြေတာပေါ့နော်။

ကုလားပဲခြမ်း 2 cups လောက်ဆို မိသားစု ၈ယောက်လောက် စားနိူင်ပါတယ် ၄ယောက်စာဆိုရင်တော့ တစ်၀က်နူန်းနဲ့တွက်ပြီး ကြော်နိူင်ပါတယ်။

ခြံထဲဆင်းပြီး ပျဥ်းတော်သိမ်းရွက်လေးခူးကာ  ဗယာကြော်ကြော်ဖို့ ပြင်ရင်း မာမာပြင်ဆင်ပြီး ကြော်ထားတဲ့  နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ကုလားပဲခြမ်း – 2 cups
  2. ပျဉ်းတော်သိမ်းရွက် – အခက်ကြီးကြီး ၃ခက်
  3. ပဲအစိမ်းမှုန့် – ထမင်းစားဇွန်း ၄ဇွန်း အတိ
  4. ဆန်အစိမ်းမှုန့် –  ထမင်းစားဇွန်း ၄ဇွန်း အတိ
  5. အချိုမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  6. Baking Soda – လက်ဖက်ရည်ဇွန်း တစ်တက်သာသာ
  7. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ဆား – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ကြက်သွန်နီ – ထမင်းစားဇွန်း ၁၀ဇွန်းခန့် (လှီးပြီးသား)
  10. ငရုတ်သီး အခြောက်တောင့် – မိမိနှစ်သက်သလောက်
  11. ဆီ – လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ

  • ကုလားပဲခြမ်းကို ဇလုံထဲထည့်ပြီး ပဲအထက် ရေလက်ခြောက်လုံးလောက် မြုပ်အောင်ထည့်ပြီး တစ်ညသိပ် ရေစိမ်ထားပါ
  • ရေစိမ်ပြီး ပွလာသော ပဲများကို ရေ ၃ထပ်လောက် စင်အောင်ဆေးပြီး ဇကာထဲထည့်ကာ ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အတုံးလေးတွေ ရအောင်လှီးပေးပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးတောင့်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ဆား အရသာမှုန့် ပဲအစိမ်းမှုန့်နှင့် ဆန်မှုန့်နှင့် ဆီတို့ကို အဆင်သင့် ပြင်ထားပါ
  • ပဲများ ရေစစ်သွားပါက ပဲခြမ်းအနည်းငယ်ကို ဖယ်ထားပါ
  • ပြီးတာနဲ့ ကျန်နေသော ပဲခြမ်းများကို အသားငါး ကြိတ်သော ဘလင်ဒါထဲထည့်ကာ မိနစ်၀က် တစ်ခါကြိတ်ပြီး စက်ကိုခနရပ်ကာ ဘေးမှာကပ်နေသော ပဲများ အထဲကို တွန်းချပေးပြီး အထက်ပါ နည်းအတိုင်း ၄ခါလောက် ကြိတ်ပေးပါ
  • ကြိတ်ထားသော ပဲခြမ်းများ ခပ်ကြမ်းကြမ်း အနေရပြီဆိုရင် ဇလုံတစ်ခုထဲ ပြောင်းထည့်ပြီး Baking Soda ဖယ်ထားသော ပဲခြမ်းများ ဆား အချိုမှုန့် ဆန်အစိမ်းမှုန့် ပဲအစိမ်းမှုန့်  ကြက်သွန်နီ  နနွင်းမှုန့် ငရုတ်သီးနှင့် ပျဉ်းတော်သိမ်းရွက်တို့ ထည့်ကာ အားလုံးကို သမအောင် နယ်ပေးပါ
  • ပြီးတာနဲ့ အရသာ နယ်ထားသော ပဲများကို ထမင်းစားဇွန်း နှစ်ဇွန်းလောက်ကို အလုံးလေးတွေ ဆုတ်ပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ဆီခပ်များများကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူ မပူကို ပဲဆုတ် ခပ်သေးသေးလေးဆုတ်ကာ ထည့်ကြည့်ပါ
  • ချက်ခြင်းဘဲ ပဲဆုပ်လေး ဆီပေါ်တက်လာပြီဆိုရင် ဆီပူလာပြီမို့လို့ မီးကိုနည်းနည်း ထပ်လျော့ကာ ဗယာကြော် တစ်ခုစာယူပြီး ခပ်ဖွဖွ ဆုပ်ပေးကာ ဆီအိုးထဲကို တစ်ခုခြင်း အိုးဆန့်သလောက် ထည့်ပေးပါ
  • ဗယာကြော် ကြော်တဲ့အခါမှာ ဆီပူအိုးထဲကို ပဲဆုတ်လေးများ ကွဲထွက်သွားတတ်တဲ့အတွက် အသာအယာလေး ထည့်ပေးပါ
  • တစ်ခုနဲ့တစ်ခု မကပ်အောင် ထည့်ပေးပြီး တစ်ဖက်ကျက်လျှင် တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာတာနဲ့ဆယ်ပြီး ဆီစစ်ပေးကာ ဗယာကြော် မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
  • ငရုတ်သီးတောင့် အခြောက်ကြော်နှင့် ဗယာကြော်မွှေးမွှေးလေးကို တွဲဖက်ပြီး စားသုံးရန ပြင်ဆင်ပေးနိူင်ပါပြီ။



Source link

Leave a Reply

Your email address will not be published. Required fields are marked *