ylliX - Online Advertising Network

မနီလာ၌မီးလောင်၍ မိသားစုပေါင်း ၂,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ




A Philippine Air Force helicopter drops water over a fire in the Isla Puting Bato residential area of Manila on November 24, 2024. – A fire ripped through closely-built houses in the Philippine capital on November 24, fire authorities said, with social media videos showing raging flames and black smoke billowing into the sky. (Photo by Ted ALJIBE / AFP)

မနီလာ၊နိုဝင်ဘာ ၂၅

ဖိလစ်ပိုင်နိုင်ငံ၏မြို့တော် မနီလာမြို့၌ နိုဝင်ဘာ ၂၄ ရက်နေ့က အကြီးအကျယ်မီးလောင်ကျွမ်းမှုကြောင့် မိသားစုပေါင်း ၂,၀၀၀ ထက်မနည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟုသိရသည်။

မီးငြှိမ်းသတ်မှု၌ပါဝင်ခဲ့သည့် မီးသတ်သမားတစ်ဦး၏ပြောကြားချက်အရ အဆိုပါမီးလောင်ကျွမ်းမှုဖြစ်စဉ်အတွင်း အိမ်ခြေ ၁,၀၀၀ ထက်မနည်းလောင်ကျွမ်းသွားသည်ဟုသိရပြီး မီးသတ်ဌာနအပြင် ဖိလစ်ပိုင်လေတပ်က ဟယ်လီကော့ပ်တာများဖြင့် ဝေဟင် မှ ရေပက်ဖျန်းကာမီးငြှိမ်းသတ်ပေးခဲ့ရသည်ဟုလည်းသိရသည်။

ယင်းနောက် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ကလည်း မီးသတ်ရေယာဉ်လေးစင်းစေလွှတ်ကာ ဝိုင်းဝန်းမီးငြှိမ်းသတ်စေခဲ့ကြောင်းသိရပြီး မြေပြင်မီးသတ်တပ်ဖွဲ့ကလည်း မီးသတ်ကားအစီးရေ ၃၀ ဖြင့် မီးငြှိမ်းခဲ့ကြောင်းလည်းသိရသည်။

ထိုသို့ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသော်လည်း ပင်လယ်အော်ဘက်ကတိုက်ခတ်လာသည့်လေများကြောင့် မီးကိုထိန်းချုပ်ရန်ခက်ခဲခဲ့ပြီး မီးကူးစက်မှုကိုပိုမြန်သွားစေသည်။ ကျဉ်းမြောင်းသည့်လမ်းများကြောင့်လည်း မီးသတ်ကားဝင်ရန်ခက်ခဲသည့်အပြင် ထွက်ပြေးကြသော လူအုပ်ကြီးကြောင့်လည်း အခြေအနေကိုထိန်းချုပ်ရန်ကြာမြင့်သွားသည်ဟုလည်းဆိုသည်။

မီးငြှိမ်းရန်ကြိုးပမ်းမှုအတွင်း မီးသတ်သမားအချို့ထိခိုက်ဒဏ်ရာရမှုများရှိသော်လည်း ဒေသခံများရောမီးသတ်သမားများပါ ‌ေ-သဆုံးမှုမရှိကြောင်းသိရပြီး မီးလောင်ကျွမ်းရသည့်အကြောင်းအရင်းကိုဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟုလည်းသိရသည်။

Source : ရှင်းဟွာ





Source link

Leave a Reply

Your email address will not be published. Required fields are marked *