ylliX - Online Advertising Network

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်း ရုရှား-မြန်မာ သံတမန် ဆက်ဆံရေး တည်ထောင်မှု (၇၆) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ တက်ရောက်


(၂၃-၁၁-၂၀၂၄ရက်၊ စိန့်ပီတာစဘတ်)

 ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး တည်ထောင်မှု (၇၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စိန့်ပီတာစဘတ်အစိုးရအဖွဲ့၊ ပြင်ပဆက်ဆံရေးကော်မတီတို့ ပူးပေါင်း ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ယခုနှစ် နိုဝင်ဘာလ ၁၉-၂၀ ရက်များတွင် ကျင်းပ ပြုလုပ်ခဲ့သည့် Myanmar Days in St. Petersburg အခမ်းအနားများသို့ တက်ရောက်ခဲ့ပါသည်။ ပထမရက်ဖြစ်သည့် ၁၉-၁၁-၂၀၂၄ ရက် (အင်္ဂါနေ့) တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းမှ စိန့်ပီတာစဘတ်အစိုးရတက္ကသိုလ် (SPbGU) နိုင်ငံတကာ ဆက်ဆံရေးပညာဌာနမှ ကျောင်းသားကျောင်းသူများအား Open Lecture တစ်ရပ် ပို့ချသည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် စိန့်ပီတာစဘတ်အစိုးရအဖွဲ့၊ ပြင်ပဆက်ဆံရေးကော်မတီ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်ဆံရေးဌာနမှ ကျွမ်းကျင်သူ Mr. Dmitry Krutoy က Moderator အဖြစ် ဆောင်ရွက်ခဲ့ပြီး စိန့်ပီတာစဘတ်အစိုးရတက္ကသိုလ် (SPbGU) ၊ နိုင်ငံတကာဆက်ဆံရေးဌာန ခေတ္တမဟာဌာနမှူး (Acting Dean) Mr. Dmitry Nikolaevich Baryshnikov ၊ စိန့်ပီတာစဘတ် အစိုးရအဖွဲ့၊ ပြင်ပဆက်ဆံရေးကော်မတီမှ ဒုတိယ ဥက္ကဋ္ဌ Mr. Vyacheslav Kalganov တို့မှ အဖွင့် အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းက မြန်မာ့သမိုင်းနှင့် ပထဝီ နိုင်ငံရေးအကျဉ်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက လမ်းပြမြေပုံ (၅) ရပ်နှင့်အညီ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်နေမှုများ နှင့် မျက်မှောက်ကာလ မြန်မာ-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး အခြေအနေ တို့ကို အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ စိန့်ပီတာစဘတ်မြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးအောင်ဖေသက်၊ မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့မှ ဝန်ထမ်းများ၊ စိန့်ပီတာစဘတ်အစိုးရအဖွဲ့၊ ပြည်ပဆက်ဆံရေးကော်မတီမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိက အဖွဲ့အစည်း “All Worlds” ၏ ဥက္ကဋ္ဌ Mr. Yuri Volkov ၊ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များဆိုင်ရာ နိုင်ငံ တကာစင်တာ (International Center for Entrepreneurship) ၏ ဥက္ကဋ္ဌ Mr. Kirill RAD-CHENKO ၊ Plekhanov Russian University of Economics မှ ကိုယ်စားလှယ် Ms. Elena RAZUMOVA နှင့် စိန့်ပီတာစဘတ်အစိုးရတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနမှတက္ကသိုလ် ကျောင်းသားကျောင်းသူများ၊ စိန့်ပီတာစဘတ်မြို့ရှိ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိ သည့် မြန်မာကျောင်းသားများ တက်ရောက်ခဲ့ကြပါသည်။ ဒုတိယနေ့ဖြစ်သည့် နိုဝင်ဘာလ ၂၀ ရက် (ဗုဒ္ဓဟူးနေ့) တွင် မြန်မာနိုင်ငံ၏ သဘာဝ ရေမြေတောတောင် အလှအပများ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ရုရှားနှင့် နိုင်ငံတကာခရီးသွား ပြည်သူများ ကြည့်ရှုခံစားနိုင်စေရန် ရည်ရွယ်၍ “မြန်မာ့ရှုခင်း” ဓာတ်ပုံပြပွဲဖွင့်ပွဲကို စိန့်ပီတာ စဘတ်မြို့ရှိ Pulkovo လေဆိပ်၌ နေ့လယ် ၁၆၃၀ နာရီမှ ၁၈၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် Pulkovo လေဆိပ်ကို စီမံခန့်ခွဲသည့် Northern Capital Gateway LLC ကုမ္ပဏီ၏ လေကြောင်းပို့ဆောင်ရေးဌာနမှ ညွှန်ကြားရေးမှူး Ms. Asiyat Khalvashi တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါ ဓာတ်ပုံပြပွဲကို ပြပွဲဖွင့်လှစ်သည့် နေ့မှစ၍ ရက် သတ္တတစ်ပတ်ကြာ ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ ထို့နောက် မြန်မာ့တူရိယာစောင်းကောက်အား စိန့်ပီတာစဘတ်မြို့ရှိ Sheremetev Palace ဂီတပြတိုက်သို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ယင်းပြတိုက်ရှိ Armory Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ စိန့်ပီတာ စဘတ်အစိုးရအဖွဲ့၊ ပြင်ပဆက်ဆံရေးကော်မတီမှ ဒုတိယဥက္ကဋ္ဌ Mr. Vyacheslav Kalganov နှင့် ဂီတပြတိုက်မှ ဒါရိုက်တာ Ms. Natalia Metelitsa တို့မှ အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။ ထို့နောက် မြန်မာ၊ တောင်ကိုရီးယားနှင့် အင်ဒိုနီးရှား ယဉ်ကျေးမှုအဖွဲ့များ ၏ အဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်မှုနှင့် မြန်မာ့သိုင်းပညာ သရုပ်ပြဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ အခမ်းအနားသို့ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်ဇနီး၊ စိန့်ပီတာစဘတ်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးအောင်ဖေသက်နှင့် ဇနီး၊ မြန်မာသံရုံးနှင့် ကောင်စစ် ဝန်ချုပ်ရုံးတို့မှ ဝန်ထမ်းများ၊ စိန့်ပီတာစဘတ်အစိုးရအဖွဲ့၊ ပြင်ပဆက်ဆံရေးကော်မတီနှင့် Shere-metev Palace ဂီတပြတိုက်တို့မှ တာဝန်ရှိသူများ၊ စိန့်ပီတာစဘတ်မြို့တွင် ပညာသင်ကြား လျက်ရှိသည့် မြန်မာကျောင်းသားများနှင့် အခြား ဖိတ်ကြားထားသော ဧည့်သည်တော်များ တက် ရောက်ခဲ့ကြပါသည်။

********************************



Source link

Leave a Reply

Your email address will not be published. Required fields are marked *