တရုတ်က အမေရိကန်ကို စတင်ပစ်ခတ်ခဲ့တာကြောင့် တတိယကမ္ဘာစစ်စတင်လိုက်ပြီဖြစ်ပြီး ကမ္ဘာပျက်ပြီလို့ ဆိုကာ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တာတွေ့ရတယ်။
နိုဝင်ဘာ၂၃ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၅၀၀၀၀ ဝန်းကျင် ရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကိုအောက်မှာ ကြည့်ပါ။
“တတိယကမ္ဘာစစ်ကြီး ကြေညာပြီဗျို့
ကမ္ဘာပျက်ပြီ
တရုတ်က အမေရိကန်ကို စပစ်နေပြီ
မသေမချင်ရင် အမြန်ဆုံး နားထောင်သင့်တယ်”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာမီဒီယာတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက သတင်းဖော်ပြချက် မတွေ့ရပါဘူး။ တရုတ်က အမေရိကန်ကို စတင်ပစ်ခတ်တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။
တကယ်တမ်းမှာ “Khit Thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေက ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိမှုတွေလုပ်နေတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။
အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ လွတ်လပ်တဲ့ အာရှအသံက နိုဝင်ဘာ ၂၂ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ “၂၀၂၅ ခုနှစ်မှာ စစ်ကောင်စီ ပြိုလဲသွားနိုင်သလား“ဆိုတဲ့သတင်းဆောင်းပါးကို ပြန်လည်မျှဝေထားပြီး ၇ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ဆားလင်းကြီးမြို့ပေါ်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်းနှင့် ထွေအုပ်ရုံး အပါအဝင် နေရာ ၄ ခုကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်”၊ “မတ္တရာမြို့နယ်အတွင်း ၃ ရက်ဆက် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၈ ဦးကို သတ်ဖြတ်ခဲ့၊ စစ်တပ်က ကြည်း၊ ရေ ၊ လေ စစ်ဆင်ရေးဖြင့် မတ္တရာမြို့နယ်ကို အပြင်းအထန် ထိုးစစ်ဆင်နေ”စတဲ့ သတင်းတွေကို ဖော်ပြထားတယ်။
သုံးသပ်ချက်
“Khit Thit channel””ဟာ သတင်းမီဒီယာတွေက ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ တရုတ်က အမေရိကန်ကို စတင်ပစ်ခတ်ခဲ့တာကြောင့် တတိယကမ္ဘာစစ်စတင်လိုက်ပြီ ဆိုတဲ့ အထောက်အထားတော့မရှိသေးပါဘူး။
ပြောဆိုချက်- တရုတ်က အမေရိကန်ကို စတင်ပစ်ခတ်ခဲ့တာကြောင့် တတိယကမ္ဘာစစ်စတင်လိုက်ပြီ
Title:Fact Check: တရုတ်က အမေရိကန်ကို စတင်ပစ်လိုက်ပြီး တတိယကမ္ဘာစစ် ကြေညာလိုက်ပြီဆိုတဲ့ တင်းတု
Fact Check By: နေရာမောင်
Result: False