ylliX - Online Advertising Network

ပုံမှန်ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် တရုတ်သို့ မြန်မာ့နာနတ်သီး တင်ပို့မည်


နှစ်ပေါင်းများစွာ ညှိနှိုင်းဆွေးနွေးပြီးနောက် ယခုအခါတွင် မြန်မာနိုင်ငံမှ နာနတ်သီးများကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရန် နောက်ဆုံးတွင် ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဟု တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC)က နိုဝင်ဘာလ (၁၁) ရက်တွင် ၎င်း၏ ဝက်ဘ်ဆိုက်မှတဆင့် ကြေညာထားသည်။

မြန်မာနိုင်ငံ၏ နာနတ်သီး အဓိကစိုက်ပျိုးသည့်ဒေသသည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင်တည်ရှိပြီး နာနတ်သီးများကို ပုံမှန်အားဖြင့် ဇွန်လမှ စက်တင်ဘာလ အတွင်း ခူးဆွတ်လေ့ရှိကြောင်း၊ ယခင်က မြန်မာနိုင်ငံမှ နာနတ်သီးအများစုကို တရားဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုအစီအစဉ်ဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

သို့သော် တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၆)ရက်တွင် အဆိုပါ လမ်းကြောင်းကို တရားဝင်ရပ်ဆိုင်းခဲ့သည့်အတွက် မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များသည် ထိုင်း၊ စင်္ကာပူနှင့် အခြားနိုင်ငံများတွင် အစားထိုးဈေးကွက်များ ရှာဖွေခဲ့သော်လည်း တင်ပို့မှုပမာဏမှာ နည်းပါးနေသေးကြောင်း သိရသည်။

ယခုအခါ GACC ဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရခဲ့ပြီး GACC ၏ ကြေညာချက်အရ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနသည် တရုတ်နိုင်ငံသို့ တင်ပို့လိုသော နာနတ်သီးစိုက်ခင်းများနှင့် ထုပ်ပိုးသည့် စက်ရုံများကို မှတ်ပုံတင်ရန် လိုအပ်ပြီး အဆိုပါ စိုက်ခင်းများနှင့် လုပ်ငန်းများကို GACC မှ အတည်ပြုသွားမည်ဖြစ်ကာ ၎င်း ၏ ဝဘ်ဆိုဒ်တွင် အတည်ပြုထားသော စာရင်းကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *