အကြမ်းဖက်မှုကို မလိုလားသော ပြည်သူအချို့၏ လျှို့ဝှက်သတင်းပေးချက်အရ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ခြေတော်ရာကျေးရွာဝန်းကျင်တစ်ဝိုက် အကြမ်းဖက်များခိုအောင်းနေကြောင်း သတင်းအတိအကျရ၍ နိုဝင်ဘာ ၂၆ ရက်နေ့တွင် သွားရောက်ရှင်းလင်းစဉ် စံဖဲကျေးရွာဘက်မှ လမ်းလျှောက်လာသည့် ကျား ၅ ဦးအား မသင်္ကာသဖြင့် ရပ်တန့်ခိုင်းရာ ထွက်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ-
ကျား (၁) ဦးကို
အမ်(၁၆) ၁ လက်
ကျည်အိမ် ၃ ခု
ကျည် ၅၀ တောင့်
လက်လုပ်မိုင်း ၂ လုံး
လျှပ်စစ်စနက်တံ ၅ ချောင်း
ဝါယာကြိုး ၁၅၀ ပေနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။