ylliX - Online Advertising Network

နိုင်ငံ့ GDP တိုးတက်လာပါက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်မည်ဟု နစက ဥက္ကဋ္ဌပြော


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးကို ယနေ့ နိုဝင်ဘာ ၂၇ ရက်နံနက်ပိုင်းကကျင်းပခဲ့သည်။

အစည်းအဝေးတွင် နစကဥက္ကဋ္ဌက နိုင်ငံ့ GDP တိုးတက်လာပါက ဘတ်ဂျက်ပိုမိုအသုံးပြု၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ရာ နိုင်ငံ GDP တိုးတက်လာစေရန် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ ၊ တိုင်းနှင့်ပြည်နယ်များက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထို့ပြင် နိုင်ငံ့ GDP တိုးတက်စေရေးအတွက် ကုန်ထုတ်လုပ်မှုတိုးတက်ရန်လိုပြီး နိုင်ငံအတွက်အခြေခံကျသော လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီးတွင် စိုက်ပျိုးရေးထွက်ကုန်၊ စိုက်ပျိုးသီးနှံများပိုမိုထွက်ရှိတိုးတက်လာပါက ၎င်းကိုအခြေခံသည့် စက်မှုကဏ္ဍကြီးသည်လည်း ပိုမိုတိုးတက်လာမည်ဟု ပြောသည်။

” စက်မှုကဏ္ဍကြီးတိုးတက်လာပြီး ကုန်ထုတ် လုပ်မှုတွေ တိုးမြင့်လာမယ်ဆိုရင် ဝန်ဆောင်မှုကဏ္ဍကြီးလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သလို ငွေကြေးစီးဆင်းမှုများပြားလာပြီး ဘဏ္ဍာရေးကဏ္ဍလည်း တိုးတက်လာမှာဖြစ်ပါတယ်။ ကဏ္ဍတွေ တစ်ခုနဲ့တစ်ခုဆက်စပ်ချိတ်ဆက်တိုးတက်လာမှာဖြစ်တဲ့အတွက် အခြေခံကျတဲ့စိုက်ပျိုးမွေးမြူရေးကဏ္ဍကိုတိုးတက်စေဖို့ အားသွန်ခွန်စိုက်ဆောင်ရွက်ကြရပါမယ်”ဟု ဆက်လက်ပြောကြားသည်။

ထိုသို့စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတိုးတက်အောင်ဆောင်ရွက်နိုင်ပါက GDP တိုးတက်လာပြီး နိုင်ငံ၏ဘဏ္ဍာငွေတိုးတက်ရရှိလာမည်ဖြစ်ကာ ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီအောင်ထုတ်လုပ်နိုင်ပါက ပြည်ပသို့ပါတင်ပို့ရောင်းချနိုင်မည်ဖြစ်ပြီး ပြည်ပပို့ကုန်များမြှင့်တင်နိုင်မည်ဟု ဆိုသည်။

GDP တိုးတက်ရန် သစ်တောထွက်ကုန်တစ်ခုဖြစ်သည့် ဝါးကို အဆင့်မြင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ်နိုင်ပါက တစ်ဖက်တစ်လမ်းမှ ဝင်ငွေများရရှိလာမည်ဟုလည်း နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *