ylliX - Online Advertising Network

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ၂၀၂၄ ကို YCC ၌ သုံးရက်တိုင်တိုင် ပြုလုပ်သွားမည်


မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ၂၀၂၄ကို ဒီဇင်ဘာ ၆၊ ၇၊ ၈ ရက်တို့တွင် သုံးရက်တိုင်တိုင် Inya Lake Hotel, Yangon Convention Center (YCC) ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲကို တရုတ်နိုင်ငံ၊ Zhejiang ပြည်နယ်မှကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် Chinese Textile & Garment Association In Myanmar (CTGA) တို့ပူးပေါင်းကာ တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများ၊ အလားအလာရှိသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရေရှည်ပြုလုပ်နိုင်ရန်နှင့် မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍဖွံ့ဖြိုးတိုးတတ်ရန် ရည်ရွယ်ကာ ပြုလုပ်ခြင်းဖြစ်ကာ၊ မြန်မာနိုင်ငံရှိ ပြင်ပအထည်ချုပ်လုပ်ငန်းရှင်အသင်းများဖြစ်သော Korea Garment Association In Myanmar (KOGAM) , Hong Kong Myanmar Manufactures’ Association Limited (HKMMA) တို့မှလည်း ပြခန်းများပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် တရုတ်နိုင်ငံမှ ကုန်ထုတ်လုပ်သူ ၁၀၀ ကျော်သည် အမှတ်တံဆိပ်ပေါင်း ၂၀ ခန့်အား လာရောက်ပြသမည့်အပြင် Made in Myanmar များကိုလည်း ပြသမည်ဖြစ်သဖြင့် ပြည်တွင်း SME လုပ်ငန်းများအား အရောင်းမြှင့်တင်ခြင်း၊ မိတ်ဆက်ခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံနိုင်ငံများမှ အထည်ချုပ်လုပ်ငန်းရှင်များအသင်းအဖွဲ့ဖြစ်သော ASEAN Federation of Textile (AFTEX) ကိုယ်စားလှယ်များမှ အာဆီယံနိုင်ငံများ၏ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍတို့၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် Sustainable Development Sector အဖြစ်တိုးမြှင့်ဆောင်ရွက်နိုင်ရန်အလားအလာများကို Panel Discussion များဖြင့် မျှဝေခြင်း၊ AFTEX Delegates များမှ အာဆီယံနိုင်ငံများ၏ ရိုးရာဝတ်စုံများဝတ်ဆင်ကာ ပြသမည့်အပြင် Made in Myanmar ထုတ်ကုန်များကိုပြသမည့် Fashion Show , Business Matching နှင့် Garment related industried များ၏ကဏ္ဍများကို Seminar များတွင် ဆွေးနွေးခြင်းများပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“မြန်မာ့အထည်ချုပ်လုပ်ငန်းမှ ထုတ်ကုန်များအတွက် ဈေးကွက်အသစ်များရရှိစေရန် တက်ကြွစွာဆောင်ရွက်လျက်ရှိရာမှာ ကုန်စည်ပြပွဲများ၊ စီးပွားရေးမိတ်ဖက်များနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးခြင်းနှင့် အပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲများတွင် ဝင်ရောက်ပြသခြင်းဖြင့် ယခုလို အထည်အလိပ်နှင့် စက်ပစ္စည်းများပြပွဲမှ မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍ၏ လုပ်ကိုင်နိုင်စွမ်းကို တစ်ကမ္ဘာလုံးမှ ဝယ်လက်များ သိအောင်ပြသနိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းထုတ်ကုန်အမှတ်တံဆိပ်များတိုးတိုက်မှုကို ပံ့ပိုးပေးခြင်းသည် အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်နိုင်ရုံမက ပြည်တွင်းစွန့်ဦးတီထွင်လုပ်ငန်းရှင်များကို အားပေးခြင်းနှင့် ဒေသထွက်အထည်ချုပ် အမှတ်တံဆိပ်များ တိုးချဲ့ခြင်းသည် စီးပွားရေးဖူလုံမှုကို မြှင့်တင်ပေးကာ ကမ္ဘာ့ဈေးကွက်တွင် မတူခြားနားသည့် ပြည်တွင်းထုတ်ကုန်အထည်ချုပ်ကုန်အမှတ်တံဆိပ်များ ဖြစ်ပေါ်လာရေးကို အထောက်အကူဖြစ်လာမည်ဖြစ်သည်” ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမြင့်စိုးမှ ပြောသည်။

အဆိုပါ Made In Myanmar ပြပွဲကို ၂၀၂၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ရာ ပြပွဲကိုလာ‌ေရာက်ကြည့်ရှုသူပေါင်း ၁၅၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *