ylliX - Online Advertising Network

အမ်း နပခလက်အောက်ခံ တမိုင်ကုန်းစခန်းက တပ်ဆုတ်လာတဲ့ ဗိုလ်မှူးဇော်ထက်နောင် ဦးစီးစစ်တပ်စစ်ကြောင်းကို အမ်း-ပဒါန်းလမ်းပိုင်းမှာတိုက်ခိုက်လို့ ဖွဲ့စည်းပုံပျက်ပြီးထွက်ပြေး ၂ဦးသေဆုံး၊ သုံ့ပန်း ၁၄ဦးဖမ်းမိ


အမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှု လက်အောက်ရှိ တမိုင်ကုန်းစခန်းက တပ်ဆုတ်လာတဲ့ ဗိုလ်မှူးဇော်ထက်နောင် ဦးစီးစစ်တပ်စစ်ကြောင်းကို အမ်း-ပဒါန်းလမ်းပိုင်းမှာတိုက်ခိုက်လို့ ဖွဲ့စည်းပုံပျက်ပြီးထွက်ပြေးသွားပြီး ၂ဦးသေဆုံးကာ သုံ့ပန်း ၁၄ဦးဖမ်းမိခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် SAF က ထုတ်ပြန်ပါတယ်။နိုဝင်ဘာ ၂၃ရက်နေ့မှာ တစ်မိုင်ကုန်းစခန်းက ဆုတ်ခွာလာတဲ့ ဗိုလ်မှူး ဇော်ထက်နောင် ဦးစီးတဲ့စစ်ကြောင်းကို ကျောင်းသားလက်ရုံးတပ်တော်နဲ့ မဟာမိတ်ပူးပေါင်းစစ်ကြောင်းက အမ်း-ပဒါန်း လမ်းတစ်နေရာမှာ စောင့်ကြို ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဆိုပါ စစ်တပ်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က (၂ ) ဦးကျဆုံးပြီး သုံ့ပန်း (၁၄)ဦး၊ လက်နက်ငယ် (၂) လက် နဲ့ ခဲယမ်း တို့ကို တိုက်ပွဲတွင်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကြောင်းဟာ တိုက်ပွဲတွင်း ဖွဲ့စည်းပုံပျက်ကာ တကွဲတပြားစီ ထွက်ပြေး​လျက်ရှိခြင်းကြောင့် တော်လှန်ရေးတပ်တွေက ဆက်လက်ပြီး နယ်မြေရှင်းလင်းနေတယ်လို့ သိရပါတယ်။အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်က AA က ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ အမ်း-ပဒါန်းလမ်းပိုင်းကတဆင့် စစ်ကူပို့လာတဲ့စစ်တပ်စစ်ကြောင်းတွေကို ကျောင်းသားလက်ရုံးတပ်တော်၊ မင်းဘူးခရိုင်တပ်ရင်း၊ အရှိုချင်းကာကွယ်ရေးတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်လို့ စစ်ကြောင်းတွေ အကြိမ်ကြိမ်ဖွဲ့စည်းပုံပျက်ပြေးရကာ သေဆုံးမှုတွေများပြားတဲ့အပြင် သုံ့ပန်းတွေလည်းဖမ်းဆီးရမိလျက်ရှိပြီး ပိတ်ဆို့ဖြတ်တောက်ထားနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *