ylliX - Online Advertising Network

တာဝန်ရှိသူများအယောင်ဆောင်၍ ဖုန်းနှင့်ငွေ ကြေးများခြောက်လှန့်တောင်းယူသူ(၈)ဦးကိုဖမ်းမိ


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် တာဝန်ရှိသူများအယောင်ဆောင်၍ ဖုန်းနှင့်ငွေ ကြေးများခြောက်လှန့်တောင်းယူသူ(၈)ဦးကို နို ဝင်ဘာ ၃၀ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံ ရေးအဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာ ဝန်ရှိသူများအယောင်ဆောင်၍ နေအိမ်များအ တွင်းဝင်ရောက်ကာ ဧည့်စာရင်းစစ်မည်ဟုပြော ဆိုပြီး ဖုန်းနှင့်ငွေကြေးများခြောက်လှန့်တောင်းယူမှုများရှိနေသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြု လုပ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ဇော်ဖြိုးလွင်(ခ)တာလေ(၂၈)နှစ်၊ သီဟ(၄၄)နှစ်၊ မိုး နှင်းလျှံ(ခ)ဘဦး(၃၀)နှစ်၊ မျိုးဦး(ခ)ဝေယံ(၃၁) နှစ်၊ သိန်းထိုက်အောင်(ခ)အရှည်ကြီး(၂၇)နှစ်၊ ဝင်းသက်အောင်(ခ)ဝင်းမင်းသန့်(၃၄)နှစ်၊ ခင်မောင်ထိုက်(ခ)ကုလား(၂၅)နှစ်၊ မျိုးမင်းထက် (၂၈)နှစ်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ ပြစ်မှုကျူးလွန်စဥ်ကအသုံးပြုသည့် Alphard (အဖြူရောင်)ကား၊ M16 ပုံစံတူ (Air Gun) ၁ လက်၊ ပစ္စတိုသေနတ်အတို(Air Gun) ၁ လက်၊ ပြောက်ကြားဦးထုပ်(၁)လုံး၊ ပြောက်ကြားယူနီဖောင်း(၂)စုံတို့ကိုလည်း သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ စက်တင်ဘာလ၊ အောက် တိုဘာလ၊ နိုဝင်ဘာလတို့အတွင်း၌ ဧည့်စာရင်း စစ်မည်ဟုပြောဆိုကာ ဖုန်းမျိုးစုံ(၂၄)လုံးနှင့် ထိုင်းဘတ်ငွေ(၇၃၀၀၀)တို့အား (၅)ကြိမ်တိတိခြောက်လှန့်တောင်းယူခဲ့ကြကြောင်းကို ဖော် ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ(၈)ဦးအား သက်ဆိုင် ရာရဲစခန်းများ၌ ပြစ်မှုတစ်ခုချင်းစီအလိုက် အမှုဖွင့်ကာ ထွက်ပြေးတိမ်းရှောင်နေသော ပြစ်မှုကျူးလွန်သူ မဲကြီးအားဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *