ylliX - Online Advertising Network

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေကရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် ITAR-TASS သတင်းဌာန၏ ထိုင်းနိုင်ငံဌာနခွဲအကြီးအကဲ Mr. Igor Brovarnik အား လက်ခံတွေ့ဆုံ ရုပ်သံအင်တာဗျူးဖြေကြား (၂၉-၁၁-၂၀၂၄ ရက်)


(၂၉-၁၁-၂၀၂၄ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် သတင်းဌာနဖြစ်သည့် ITAR-TASS သတင်းဌာန၏ ထိုင်းနိုင်ငံဌာနခွဲ အကြီးအကဲ Mr. Igor Brovarnik အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်၊ (၁၃၃၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ၍ ရုပ်သံအင်တာဗျူးဖြေကြားခဲ့ပါသည်။ ထိုသို့ရုပ်သံအင်တာဗျူးပြုလုပ်ရာတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအဆင့်ဆင့် ပြောင်းလဲလာမှု၊ မြန်မာ-ရုရှားနှစ်နိုင်ငံဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ BRICS အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုအလားအလာ၊ ခေတ်သစ်ကမ္ဘာ့အခြေအနေတွင် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးရည်မှန်းချက်၊ အနောက်နိုင်ငံများ ၏ တစ်ဖက်သတ်ပိတ်ဆို့ကန့်သတ်မှုများ၏ သက်ရောက်မှုများကို လျော့ပါးစေရေးနည်းလမ်းများ ကျင့်သုံးနေမှု၊ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ၊ မြန်မာနိုင်ငံအမျိုးသားပြန်လည်ရင်ကြားစေ့ရေး အောင်မြင်မှုရရှိရန် ဆောင်ရွက်နေမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့်စပ်လျဉ်း ၍ ရှင်းလင်းဖြေကြားခဲ့ပါသည်။

***************************************



Source link

Leave a Reply

Your email address will not be published. Required fields are marked *