ylliX - Online Advertising Network

တပ်ရင်းမှူး အပါ အရာရှိ ၂ဦးသေဆုံးခဲ့တဲ့ ဟားခါး-ထန်တလန်ကြားက စစ်တပ်စခန်း ၄ခု သိမ်းပိုက်မှုအတွင်း သုံ့ပန်း ၁၉ဦးနဲ့ လက်နက်ခဲယမ်းများစွာရရှိ


ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြားက သီမြစ်လွင်ပြင်ဒေသမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၄ ခုကို Chinland Council ပူးပေါင်းတပ်တွေသိမ်းပိုက်စဉ်အတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူး အပါ အရာရှိ ၂ဦးနဲ့ စုစုပေါင်း ၂၀ခန့်သေဆုံးပြီး သုံ့ပန်း ၁၉ဦးနဲ့ လက်နက်များစွာ သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။ဟားခါး-ထန်တလန်ကြားရှိ သီမြစ်စခန်း၊ Umpu Puaknak စခန်း၊ Nawn Thlawk Bo စခန်း နဲ့ Kiamtlang/Ruavazung စခန်းတွေဖြစ်ပြီး နိုဝင်ဘာ ၃၀ရက် ၁ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့တာပါ။စစ်ကောင်စီရဲ့ Ruavazung စစ်တပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က တပ်ရင်းမှူး၊ ခမရ ၂၂၂ တပ်ရင်း ဗိုလ်ကြီး ၂ ဦး နဲ့ ရဲမှူးအပါ၀င် တပ်သားအချို့သေဆုံးခဲ့ပြီး လက်နက် ၃၀ကျော်နဲ့ ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

Ruavazung စခန်းကို ချင်းပြည်အစိုးရတပ်ဖွဲ့က နိုဝင်ဘာ ၃၀ရက် မနက်ပိုင်း ၉ နာရီခွဲလောက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၁၉ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။စခန်း ၄ခု တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ရင်းမှူး အပါအဝင် အရာရှိ ၂ဦးနဲ့ စုစုပေါင်း ၂၀ဦးခန့်သေဆုံးကာ လက်နက်ခဲယမ်း အမြောက်အများနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးကို စစ်သုံ့ပန်းအဖြစ်အရှင်ဖမ်းမိရရှိခဲ့တယ်လို့ Chinland Council တပ်ရဲ့စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ဟားခါးမြို့ကို ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ဟားခါး(CDF-Hakha)ကလည်း Rung Operation အမည်နဲ့ တိုက်ပွဲများဖော်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ရက်ကလည်း ဟားခါးမြို့အနီးရှိ ကိမ်တန် (Kiamtlan) စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတဦး အပါအ၀င် စစ်သုံ့ပန်း ၄ ဦးကို ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် (CDF) ဟားခါးက ထုတ်ပြန်ထားပါတယ်။ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြားရှိ စစ်ကောင်စီစခန်းများကို နို၀င်ဘာ ၂၂ရက်နေ့ကစပြီး ချင်းပြည်အစိုးရကပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့နေတာဖြစ်ပါတယ်။နို၀င်ဘာ ၂၆ ရက်က သီတာနားနေစခန်းနဲ့ သီမစ်အကြားရှိ စစ်ရေးအရအရေးပါတဲ့ ပွိုင့် ၃ စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *