၂ -၁၂-၂၀၂၄ ရက်နေ့
(အမ်းမြို)
နံနက် ၁ နာရီခန့်က တိုင်းရုံးအနောက်ဘက်ကာကင်းအနီး ဝင်ရောက်လာသည့် AA သောင်းကျန်းသူများအား တပ်စစ်ကြောင်းများမှ လေကြောင်း/ လက်နက်ကြီး ပစ်ကူများရယူကာ လိုက်လံရှင်းလင်းတိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်းနှင့် နံနက် ၅ နာရီအချိန်ခန့်က တိုင်းမှတ်တမ်းရုံးအနီး ဝင်ရောက်လာသည့် AA သောင်းကျန်းသူများအား တပ်မတော်သားများမှ ရှင်းလင်းတိုက်ခိုက်ခဲ့ရာ နံနက် ၁၀ နာရီအချိန်ခန့်တွင် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရ။
(တောင်ကုတ်)
နံနက် ၅ နာရီခွဲအချိန်ခန့်က စကခ ၅ အနောက်ဘက် ရိပ်သာကြီးကုန်း၊ တပ်မဌာနချုပ် မြောက်ဘက်ကာကင်း၊ အထက ၃ နှင့် မွေးမြူရေးခြံအနီး လုံခြုံရေးနေရာများအား AA သောင်းကျန်းသူများမှ အဖွဲ့ငယ်များခွဲကာ တပြိုင်နက် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လေကြောင်း/ လက်နက်ကြီး/ Drone ပစ်ကူတို့ဖြင့် အပြင်းအထန်ပြန်လည်ခုခံ တိုက်ခိုက်ချေမှုန်းခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရ။
(မောင်တော)
မောင်တောဒေသ၌ စစ်ရေးရှုံးနိမ့်မှုများဖြစ်ပေါ်နေသည့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အနေဖြင့် ယနေ့၌ အနီးကပ်လာရောက်တိုက်ခိုက်ခဲ့ခြင်း မရှိခဲ့သော်လည်း နံနက် ၁၀ နာရီခန့်က အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ၎င်းတိုပစ်ခတ်သည့်နေရာအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ချေမှုန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရခိုင်အစွန်းရောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲအနေဖြင့် မောင်တောဒေသရှိ အမှတ်(၅)နယ်ခြားစောင်ရဲတပ်ဖွဲအား တိုက်ခိုက်နေသည်မှာ (၁၆-၃-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း (၂၃၁) ရက်၊ အမ်းဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၂၆-၉-၂၀၂၄) ရက်နေ့မှစ၍ ရက်ပေါင်း (၆၇)ရက်၊ တောင်ကုတ်ဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၃၁-၁ဝ-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း(၃၂)ရက် ရှိလာပြီဖြစ်သည်။ အဆိုပါတိုက်ပွဲကာလအတွင်း AA သောင်းကျန်းသူအဖွဲအနေဖြင့် လူအင်အား(၉ဝဝဝ) ကျော်နှင့်လက်နက်ခဲယမ်းများ များစွာဆုံးရှုးမှုများ ရှိလာသောကြောင့် ၎င်းတိုရှိရာဒေသများတွင် အသက် ၁၀ နှစ်အရွယ်မှစ၍ အသက်၄၅ နှစ်အထိ ဒေသခံများအား အတင်းအဓမ္မဖမ်းဆီးကာ စစ်သင်တန်း ၇ ရက်ပေးပြီး ရှေ့တန်းစစ်မြေပြင်သို စေလွှတ်ခြင်း၊ ရိက္ခာနှင့် ဆက်ကြေးငွေများ အတင်းအဓမ္မကောက်ခံခြင်းများ ပြုလုပ်နေသဖြင့် ဒေသခံများမှာ ၎င်းတိုနှင့်ဝေးရာသို ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တိုတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရ။#crd