တိုင်းစစ်ဌာနချုပ်အလိုက် နိုဝင်ဘာလအတွင်း တိုက်ပွဲသတင်းများနဲ့ အကြမ်းဖက်သမားများသေဆုံး၊ အရှင်မိ၊ အလင်းဝင်နဲ့ သိမ်းဆည်းရမိလက်နက်၊ ခဲယမ်းများ၊ အခြားပစ္စည်းများဇယားပေါင်းချုပ်အားဖော်ပြလိုက်ပါတယ်။
အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးမှုများပြားခဲ့သော ရခိုင်ပြည်နယ် နှင့် ကချင်ပြည်နယ် တို့ အပါအဝင် အခြားနယ်မြေမျာအတွင်းဖြစ်ပွားခဲ့သော နယ်မြေရှင်းလင်းစဉ်ထိတွေ့မှုများ၊ တပ်စခန်းများသို့ လာရောက် တိုက်ခိုက်သည့်ဖြစ်စဉ်များနှင့် ဝေဟင်မှကင်းထောက်ပြီး လေကြောင်းနှင့်မြေပြင်တပ်များ ပူးပေါင်းတိုက်ခိုက်စဉ် ရန်သူထိခိုက်ကျဆုံးမှုအခြေအနေမှန်ကိုသိရှိနိုင်စေရန် ဖော်ပြပေးခြင်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း တစ်မိုင်ကုန်း၊ အောက်ရွာတံတား၊၊မီးသတ်နှင့်လေးအိမ်စုရွာ၊ အောက်ရွာ ဘုန်းကြီးကျောင်း၊ ဆင်တိုးရွာ၊ ရေစင်ကုန်း နေရာများတွင် အကြမ်းဖက်များထိခိုက်ကျဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး အကြမ်းဖက်သေဆုံးမှု ၃၈၉ ဦးထိရှိခဲ့ကြောင်းတွေ့ရှိရပါတယ်၊ အလားတူ တောင်ကုတ် အနီး ကိုင်းရှည်ရွာ၊ တာဝါတိုင်ကုန်း ဖုန်းညိုရွာ နေရာများ တွင်လည်း အကြမ်းဖက်များ သေဆုံးမှု ၁၅၄ ဦးအထိရှိခဲ့ပြီး အခြား မောင်တော၊သံတွဲနယ်မြေများတွင် ၉၂ ဦးအထိသေဆုံးခဲ့ကြောင်းတွေ့ရှိရပါတယ်။
AA အကြမ်းဖက်များသေဆုံးမှု ၁၂၀၀ ကျော်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများပြားခြင်းကြောင့် တိုက်နိုင်ခိုက်နိုင်သည့် အရွယ်ကောင်းလူငယ်များ နည်းပါးလာတဲ့အပြင် တပ်ပြေးအရေအတွက်များလာခြင်းတို့ကြောင့် AA အကြမ်းဖက်များက ပလက်ဝ၊ မောင်းတော နယ်မြေများမှာ အတင်းအဓမ္မ လူသစ်စုဆောင်းနေတဲ့အတွက် ဒေသခံများနဲ့ ပဋိပက္ခများဖြစ်ပွားလျက်ရှိကြောင်းနေ့စဉ်ကြားသိနေရပါတယ်။
မှတ်ချက်။ မြေပြင်သိမ်းဆည်းရမိ အလောင်းလက်နက်၊ ဝေဟင်ကင်းထောက်မှု၊ ဖမ်းဆီးရမိအကြမ်းဖက်များ၏ ထွက်ဆိုချက်များနှင့် ကြားဖြတ်သတင်းများမှ အရေအတွက်များကိုသာဖော်ပြထားသဖြင့် မြေပြင်ထိခိုက် သေဆုံးသည့်အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။
တိုက်ပွဲသတင်းစုံ (https://t.me/combatnews7723)