ylliX - Online Advertising Network

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံနှင့် နိုင်ငံရေးအရအပြန်အလှန်ယုံကြည်မှုတိုးမြှင့်ရန်ဆန္ဒရှိဟု တရုတ်သံမှူးပြော


စတုတ္တသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကို ဒီဇင်ဘာ ၂ ရက်က ကျင်းပစဉ် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံနှင့် နိုင်ငံရေးအရအပြန်အလှန်ယုံကြည်မှုကိုတိုးမြှင့်၍ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ကာ နှစ်နိုင်ငံပြည်သူများကို ပိုမိုကောင်းမွန်စွာအကျိုးပြုရန်ဆန္ဒရှိသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံမှူး Dr. Zheng Zhihong က ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့ကြောင့် မီဒီယာများအနေဖြင့် တရုတ်-မြန်မာ ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသတင်းများကိုတင်ဆက်ခြင်းဖြင့် ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကိုမြှင့်တင်ပြီး တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း ခိုင်မာအားကောင်းလာစေရန် ပတ်ဝန်းကျင်ကောင်း ဖန်တီးနိုင်လိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်သံမှူးမှ တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေများနှင့် ပြုပြင်ပြောင်းလဲမှုဘက်စုံနက်ရှိုင်းစေရေး အစီအမံများကိုလည်း ထည့်သွင်းပြောကြားသည်။

အလားတူ တရုတ်နိုင်ငံ၏ တံခါးဖွင့်လှစ်မှုသည် ဒေသတွင်းကိုဦးစားပေးထောက်ပံ့ပြီး အကျိုးဖြစ်ထွန်းစေကြောင်းတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *