ylliX - Online Advertising Network
Intel မှ Desktop PC များအတွက် Battlemage B-series GPU အသစ်များကို ထုတ်ဖော်ပြသ

Intel မှ Desktop PC များအတွက် Battlemage B-series GPU အသစ်များကို ထုတ်ဖော်ပြသ


Image via OC3D

Intel ဟာ ဒီနေ့မှာ သူတို့ရဲ့ ARC Battlemage B-series desktop GPU တွေဖြစ်တဲ့ Intel ARC B580 နဲ့ ARC B570ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒီ GPU lineup အသစ်နဲ့ သူ့စျေးတန်းမှာ အတန်ဆုံးဖြစ်လာဖို့ Intel ဘက်ကရည်မှန်းထားပါတယ်။ 

စျေးနှုန်း $249 နဲ့ အောက်မှာသာရှိမယ့် Battlemage B-series GPU တွေဟာ low-end GPU  စျေးကွက်ကို မြှင့်တင်ဖို့ရည်ရွယ်ပါတယ်။ ဒီအတွက် Intel ဘက် ပြိုင်ဘက်တွေထက် စွမ်းဆောင်ရည်နဲ့ VRAM ကိုတိုးမြှင့်ပေးထားပါတယ်။ 

Image via OC3D

အဆိုပါ GPU တွေမှာ Xe2 graphic architecture အသစ်ကိုအသုံးပြုထားပြီး 2nd generation Xe cores၊ 2nd generation ray tracing units နဲ့ XMX AI engines အသစ်တွေပါဝင်လာပါတယ်။ 

Image via OC3D

Intel ရဲ့ Xe2 desktop graphics architecture က Xe core စွမ်းဆောင်ရည်ကို ၇၀% မြင့်မားလာစေပြီး performance/watt ကို ၅၀% တိုးတက်လာစေပါတယ်။

Image via OC3D

Specification တွေအရ GPU ၂ခုဟာ အတော်လေးဆင်တူပြီးစျေးနှုန်းလည်းမကွာလှပါဘူး။ B580 မှာ Xe cores၊ memory နဲ့ GPU clock speeds တွေပိုမိုများပြားတာတွေ့ရပြီး ARC B580 က $249 သာကျသင့်မှာဖြစ်ကာ ARC B570 ကတော့ $219 သာရှိတာမို့ စျေးနှုန်းကွာခြားမှုကျဥ်းမြောင်းတာကိုတွေ့ရပါတယ်။

Image via OC3D

ARC B580 ရဲ့ စွမ်းဆောင်ရည်ပိုင်းမှာလည်း Xe cores ပိုမိုများပြားသလို စွမ်းအင်သုံးစွဲမှုပိုမိုများပြားတဲ့ ယခင်မျိုးဆက် ARC A750 ထက် ပျမ်းမျှ ၂၄% ပိုမိုမြန်ဆန်ကာ Nvidia ရဲ့ RTX 4060 ထက် ၁၀% ပိုမိုမြန်ဆန်တယ်လို့ Intel ဘက်ကဆိုထားပါတယ်။

XeSS 2

Intel ဟာ ARC B-series GPU တွေနဲ့ အတူ XeSS ဗားရှင်းအသစ်ဖြစ်တဲ့ XeSS 2 ကိုလည်းမိတ်ဆက်လိုက်ပါတယ်။ XeSS 2 မှာ XeSS Super Resolution နဲ့အတူ XeSS Frame Generation နဲ့ XeSS Low Latency ဆိုတဲ့ feature အသစ် ၂ခုပါဝင်လာပါတယ်။ 

Image via OC3D

အဆိုပါ feature အသစ်တွေက Nvidia DLSS 3 Frame Generation၊ AMD FSR 3 Frame Generation သာမက Nvidia Reflex နဲ့ AMD Anti-Lag 1/2 တို့ကို ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် Intel ဟာ AMD နဲ့ Nvidia တို့လို တူညီတဲ့ feature တွေရရှိလာပြီဖြစ်ပါတယ်။

Image via OC3D

Intel ရဲ့ ARC B580 ကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး စျေးနှုန်းက $249 ကနေစတင်မှာဖြစ်ပါတယ်။ ARC B570 ကိုတော့ နောက်နှစ် ဇန်နဝါရီ ၁၆ ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းက $219 ကျသင့်မှာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ Intel ဟာ သူတို့ရဲ့ ARC GPU အတွက် ဘုတ်ပါတနာတွေ ပိုမိုများစွာရရှိလာပါတယ်။ Acer ASRock၊ GUNNIR၊ MAXSUN၊ ONIX နဲ့ SPARKLE တို့ဟာ Intel နဲ့ ARC B-series GPU တွေကို ဖန်တီးနေကြပြီး Intel အနေနဲ့လည်း ၎င်းတို့ရဲ့ကိုယ်ပိုင် “Intel Limited Edition” GPU တွေကို ဖြန့်ချီသွားမှာဖြစ်ပါတယ်။

Source: OC3D





Source link

Leave a Reply

Your email address will not be published. Required fields are marked *