ylliX - Online Advertising Network

ရပ်ထားသည့်ကျောက်မီးသွေးတင်ကားကို ကုန်စိမ်းကားဝင်တိုက်ရာမှ သုံးဦးဒဏ်ရာရ


၅.၁၂.၂၀၂၄
Written by KL

ရှမ်းပြည်နယ်၊ ကလောမြို့၊ လွယ်အံကျေးရွာအုပ်စု၊ ပြည်ထောင်စုလမ်းမကြီး၊ အောင်ပန်း-ကလောလမ်းခွဲ မိုင်တိုင်အမှတ် ၇၆/၀ နှင့်၇၆/၁တွင် ဒီဇင်ဘာလ ၄ ရက် ညနေ ၅ နာရီခန့်က ရပ်ထားသည့် ကျောက်မီးသွေးတင်ကားကို ကုန်စိမ်းကားဝင်တိုက်ရာမှ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ရာတွင် ပါဝင်သည့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

ဖြစ်စဥ်မှာ ကျောက်မီးသွေးများတင်ဆောင်ကာ ရပ်ထားသည့် Nissan Diesel ခဲရောင်မော်တော်ယာဥ်ကို ကုန်စိမ်းများတင်ဆောင်ကာ မောင်းနှင်လာသော Isuzu ELF အဖြူရောင် ၆ ဘီး မော်တော်ယာဥ်က အနောက်မှ ဝင်တိုက်ခဲ့သဖြင့် ကုန်စိမ်းယာဥ်၏ ကားခေါင်းခန်းတွင် လူသုံးဦးမှာ ညပ်နေခဲ့ကြောင်း သိရသည်။

“ကားက ခေါင်းတစ်ခုလုံးကြေသွားပေမယ့် လူတွေအသက်အန္တရာယ် မစိုးရိမ်ရဘူး။ ထိခိုက်ပွန်းပဲ့ဒဏ်ရာတွေတော့ ရကြတယ်။ ဒဏ်ရာရသူတွေကအသက်ကြီးပိုင်းတွေပါ”ဟု ကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။

ယာဥ်တိုက်မှုကြောင့် ကားခေါင်းအတွင်း ညပ်နေသော လူနာများကို ကလောမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး​ဖြင့် ကယ်ဆယ်ပေးခဲ့သည်။

ယာဥ်တိုက်မှုကြောင့် ကုန်စိမ်းယာဥ်ပေါ်လိုက်ပါလာသော အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၄ ဦးအနက် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့မှာ ဒဏ်ရာရရှိခဲ့သဖြင့် အောင်ပန်းနာရေးကူညီမှုအသင်းမှ လူနာတင်ယာဥ်ဖြင့် ကလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *