မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်တွင် ယနေ့ ဒီဇင်ဘာ ၆ ရက်ညနေပိုင်းကပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၆)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲသို့ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအရာရှိများအား တစ်ဦးချင်းနှုတ်ဆက်ပြီးနောက် အဖွဲ့ဝင်များ၊ သင်တန်းဆင်းအရာရှိများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ခဲ့ကြသည်။
ညစာစားပွဲတွင် မြဝတီတေးဂီတအဖွဲ့မှလည်း တေးသီချင်းများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေခဲ့ကြသည်။
သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မ တော်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဝန်ကြီးချုပ်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှတာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ ၏ မိဘဆွေမျိုးများနှင့်ဧည့်သည့်တော်များလည်း တက်ရောက်ခဲ့ကြသည်။