ylliX - Online Advertising Network

ပြင်ဦးလွင်ဒေသ၌ Green Zone Area များကိုမဖြစ်မနေအကောင်အထည်ဖော်ရမည်ဟု နစက ဥက္ကဋ္ဌမှာကြား


ပြင်ဦးလွင်ဒေသသည် ခရီးသွားဧည့်သည်အများအပြားလာရောက်အပန်းဖြေကြ၍ Green Zone Area များကိုမဖြစ်မနေအကောင်အထည်ဖော်ရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။

၎င်းမှ ယမန်နေ့ ဒီဇင်ဘာ ၅ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ သွားရောက်ကြည့်ရှုစဉ် မှာကြားခဲ့ခြင်းဖြစ်သည်။

ပြင်ဦးလွင်ဒေသသို့ ခရီးသွားဧည့်သည်အများအပြား လာရောက်အပန်းဖြေကြခြင်းသည် ဒေသ ၏သာယာလှပမှုနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှု၊ အေးချမ်းမှုတို့ကြောင့်ဖြစ်ပြီး “အိမ်သာ၍ ဧည့်လာ”ခြင်းကြောင့် ဒေသခံတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေနိုင်သည်ဟု ပြောသည်။

” အဲဒါတွေကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရမှာဖြစ်သလို Green Zone Area တွေကိုလည်း မဖြစ်မနေအကောင်အထည်ဖော်သွားရပါမယ်။ နောက်ပြီး အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် (၁၇)ကြိမ်မြောက်ပန်းပွဲတော်ကို လာရောက်အပန်းဖြေကြမယ့်သူတွေများပြားနိုင်တာကြောင့် လိုအပ်တာတွေကို ပြည့်စုံအောင်ဆောင်ရွက်ပေးထားရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

ထို့ပြင် အမျိုးသားကန်တော်ကြီးဥယျာဉ်သည် ပြင်ဦးလွင်မြို့၏ အထိမ်းအမှတ်နေရာတစ်ခု ဖြစ်၍ ရေရှည်တည်တံ့စေရေးနှင့် ခရီးသွားများအမြဲမပြတ်လည်ပတ်နိုင်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည်ဟု ပြောသည်။

” ဒေသပန်းမျိုးတွေကို ထိန်းသိမ်းခြင်းနဲ့ အရောင်အဆင်း၊ အနံ့ကောင်းမွန်ပြီး အရည်အသွေးတိုးတက်အောင် သက်ဆိုင်ရာ သုတေသနအဖွဲ့တွေက ဆောင်ရွက်သွားရမှာဖြစ်သလို တခြားဒေသက ပန်းမျိုးကောင်း၊ မျိုးသန့်တွေကိုလည်း ဒေသတွင်းမှာဖူးပွင့်နိုင်ဖို့ စမ်းသပ်ဆောင်ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌက မှာကြားသည်။

နစက ဥက္ကဋ္ဌသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း သစ်ပင်ပန်းမန်များ စိုက်ပျိုးထိန်းသိမ်းထားရှိမှု၊ ဒေသပန်းမျိုးများ သုတေသနစင်တာနှင့် စမ်းသပ်စိုက်ခင်းအတွင်း သုတေသနပြု စိုက်ပျိုးစမ်းသပ်ထားရှိမှုများကိုလည်း လှည့်လည်ကြည့်ရှုခဲ့သည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *