အာဆီယံချန်ပီယံရှစ် မစ်ဆူဘီရှီဖလား ပြိုင်ပွဲ မြန်မာ-အင်ဒိုနီးရှား ပွဲစဉ်ကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းအတွင်း ဒီဇင်ဘာ (၉)ရက် ည(၇) နာရီအချိန်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ၊ ပွဲစဉ်အပြီး ပရိတ်သတ်များ မြို့နယ်များအလိုက် အိမ်ပြန်ခရီးအတွက် မော်တော် ယာဉ် အစီးရေ (၇၅)စီး စီစဉ်ပေးထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထားသည်။
ပွဲကြည့်ပရိတ်သတ်များ အပြန်ခရီးအတွက် ယာဉ်များစီစဉ်ပေးရာ၌ အုပ်စု (၅)စု သတ်မှတ်ထားကာ အုပ်စု(၁) အနေဖြင့် ဘောလုံးကွင်း -ကျောက်တိုင်-သာကေတ- ဆူးလေးခရီးစဉ်အတွက် (၁၅) စီး၊ အုပ်စု(၂)ဘောလုံးကွင်း -စံပြဈေး- ဘေလီ-ပင်လုံ-ပြည်ထောင်စုလမ်း- ၇/၈ လမ်းဆုံ- ဒဂုံတက္ကသိုလ်(၁၅)စီး စီစဉ်ထားရှိသည်။
ထို့အတူ အုပ်စု (၃)ဘောလုံးကွင်း- တောင်မြောက်လမ်းဆုံ-လှော်ကားလမ်း- ၇၁ ဂိတ်ဆုံး(၁၅)စီး၊ အုပ်စု (၄) ဘောလုံးကွင်း -ဝေဇယန္တာ လမ်းအတိုင်း- ခြောက်ကွေ့-အဝေးပြေး (၁၅)စီး၊ အုပ်စု(၅) ဘောလုံးကွင်း -အရှေ့မြင်းပြိုင်ကွင်း- ရန် ကင်း-လှည်းတန်း- အင်းစိန်လမ်း-သမိုင်းလမ်းဆုံ(၁၅) စီး အသီးသီး စီစဉ်ထားရှိကြောင်း သိရသည်။
အုပ်စု(၂)၊ (၃)ခရီးစဉ်အတွက် ဂိတ် (၆) နှင့် ဂိတ်(၇)အကြား၌ သွားရောက်စီးနင်းရမည်ဖြစ်ပြီး၊ အုပ်စု(၁)၊(၄)၊(၅) အတွက် ဂိတ်(၂)နှင့် ဂိတ်(၉) အကြား၌ သွားရောက်စီးနင်းကြရမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ-အင်ဒိုနီးရှားပွဲစဉ်အတွက် လက်မှတ်များကို ဒီဇင်ဘာ (၆)ရက်နေ့၌ စတင်ရောင်းချပေးလျက်ရှိကာ အထူးတန်း (၅,၀၀၀)ကျပ်၊ ရိုးရိုးတန်း- (၂,၀၀၀) သတ်မှတ်ထားကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းဖြင့် ယှဉ်ပြိုင်ကစားမည့် အင်ဒိုနီးရှားအသင်းသည်
ကမ္ဘာ့ရပ်တည်မှုအဆင့်မြင့်မားသည် အသင်းများဖြစ်သည့် သြစတေးလျ၊ ဘာရိန်းအသင်းတို့ကို သရေကစားထားနိုင်ပြီး ကမ္ဘာ့ရပ်တည်မှုအဆင့် (၅၉)မှာရှိသည် ဆော်ဒီအာရေဗျအသင်းကိုလည်း အနိုင် ကစားထားနိုင်သော အသင်းတစ်သင်းဖြစ်သည်။